Part .11

1.5K 68 0
                                    

မ နိုးလာပြီလား? ရတီလေ မ ကိုအ၀တ်စားလဲပေးထားတယ်နော်။ ရတီကိုယုံပါနော်မ။ဘာမှမလုပ်ပါဘူး(နမ်းတာကချွင်းချက်ပေါ့)။

ဟုတ်လား..... ရပါတယ် ကျေးဇူးနော်ရတီ။

မ ရတီကိုစိတ်မဆိုးဘူးလား မတို့ကိုခွဲမိလို့
မျက်နှာငယ်လေးနဲ့ပြောနေသော ရတီကိုတကယ်စိတ်မဆိုးနိူင်ပါ။ ဘာကြောင့်လဲဆ်ုတော့ကိုယ်ကိုယ့်ကိုသေချာမသိတော့ပါ။

စိတ်ဆိုးတာပေါ့..စစသိတုန်းကဆိုမင်းကိုသတ်တောင်သတ်ချင်နေတာ မင်းဒီမှာမရှိတာကံကောင်းသွားတယ်မှတ်။

မ တောင်းပန်ပါတယ် ရတီကြောင့်ဖြစ်တဲ့ပြသနာကိုရတီပြန်ရှင်းပေးပါ့မယ်၊မနဲ့နွေကိုပြန်လည်အဆင်ပြေအောင်ရတီပြန်လုပ်ပေးပါ့မယ်။

မကိုရတီတောင်းပန်ပါတယ်နော် ကိုယ်ဖြစ်ချင်တာပဲသိပြီးကိုယ်လုပ်ချင်တာတွေလုပ်မိလို့ မတို့အတွဲကိုခွဲမိသွားတာ
ရတီမကိုအရမ်းချစ်တယ်အဲ့ကြောင့်
မဖြစ်သင့်တာတွေဖြစ်ကုန်တာ အခုရတီသိလိုက်ပြီ အချစ်ဆိုတာရယူခြင်းမဟုတ်သလိုပေးဆပ်ခြင်းလဲမဟုတ်ဘူး။အချစ်ဆိုတာချနေဖို့ပဲလိုတာပါ။

မ သိအောင်ပြောပြချင်လို့ပြောပြတာပါ၊မ ဆီကဘာမှမျှော်လင့်မထားဘူး။မျှော်လင့်လဲကိုယ်ဖြစ်ချင်သလိုဖြစ်မှမလာတာ။
ထားပါတော့ ခုနကစကား​တွေရတီမပြောခဲ့ဖူးလို့ပဲ မ သိထားလိုက်ပါ။အခုမနဲ့နွေတို့ပြန်အဆင်ပြေဖို့သာအဓိကပါ။

တိမ်လွှာကမမျှော်လင့်ထားတာကိုသိလိုက်ရတာကြောင့် ပြောစရာစကားလုံးရှာမတွေ့ပါ။ ရတီသူ့ကိုချစ်နေတာသိပေမဲ့ အခုလိုပြောလာလိမ့်မယ်လို့ထင်မထားတာအမှန်။

"မင်း ငါ့ချစ်သူအဖြစ်ဟန်ဆောင်ပေးပါ။နွေဟာငါ့ကိုသိပ်ချစ်တာငါသိတယ် ဒါပေမဲ့ငါ့အပေါ်ယုံကြည်မှုရမရှိဘူး။အချစ်ရေးမှာယုံကြည်မှုကလဲမပါမဖြစ်ပဲရတီ။ငါနွေစိတ်ကိုစမ်းသက်ဖို့လိုနေပြီ။ယုံကြည်မှုမရှိတဲ့အချစ်ရေးကိုလဲငါမလိုချင်ဘူး။"

🖤စောင့်မျှော်နေသူ🖤Where stories live. Discover now