Part 19

1.3K 54 2
                                    

            ရတီကိုမက သူ့အိမ်သို့ခေါ်သွားသော်လဲမရောက်ခဲ့ပေ။ လမ်းတစ်၀က်မှာ မနွေကဖုန်းဆက်ခေါ်သောကြောင့် ရတီကိုအိမ်ပြန်လိုက်ပို့ပြီး ပြန်သွားခဲ့သည်။

          မနွေဆီသွားခါနီးကားမမောင်းသေးနဲ့
နောက်နောင် ဘာကိစ္စပဲရှိလာပါစေ သူ့က်ုအရင်ပြောဖို့အကြောင်း။တတ်နိူင်သမျှရဲရင့်ကိုမပတ်သက်ဖို့ရယ် နောင်ဆိုသူတို့အတွက်နဲ့အနစ်နာမခံပါနဲ့တဲ့။ ရတီသာသူ့တို့ကြောင့်တစ်ခုခုဖြစ်သွားရင်သူ့ကိုယ်သူခွင့်မလွှတ်ဘူးတဲ့လေ။

              ငါကဘာလို့မင်းနဲ့ယှဥ်ရင်ရှုံးနေရတာလဲ မိုးတိမ်လွှာ။ယောက်ျားချင်းဆို သူသေကိုယ်သေချပြီးပြီ။ခက်တာကမင်းကမိန်းမတစ်ယောက်ဖြစ်နေတယ်။တော်တော်လေးလဲအဆိပ်ပြင်းပါလားမိုးတိမ်လွှာ။မင်းရဲ့ဝှက်ဖဲကိုဒီနေ့ငါအလွယ်လေးရှာတွေ့ခဲ့တယ်။ ငါ့ညီမဖြစ်သူကိုစိုးရိမ်နေတာများ မသိရင် မင်းရည်းစားကြီးကြနေတာပဲ။နွေပြီးရင်မင်းအဆုံးရှုံးမခံနိုင်တဲ့သူက ငါ့ညီမလေးရတီဖြစ်နေတာတော့ငါစိတ်မကောင်ဘူးကွာ
ဟားဟားဟားဟား။


            ငါဆိုတဲ့ကောင်ကလဲ အရှုံးဆိုတာမလိုလားဘူး။ငါ့အလျော့ပေးထားတာကိုမာနတွေမိုးထက်မြင့်ပြနေတာ  ဟား။ သိပ်ရီရတယ် မိုးတိမ်လွှာ။မင်းကိုနိူင်ဖို့ရတီကိုအသုံးချရမှာတော့စိတ်မကောင်းဘူး။ မင်းလဲအဆိပ်ပြင်းသလို ငါကလဲအဆိပ်ပြင်းတယ်ဆိုတာပြရသေးတာပေါ့။ မင်းအရှုံးဆိုတာကြီးကိုလက်ခံသွားစေရမယ်
စောင့်ကြည့်လိုက် မိုးတိမ်လွှာရေ။
နောက်၃ရက်နေရင် မင်းမွေးနေ့ဆိုတဲ့နေ့မှာ မင်းအတွက်ငါကိုယ်တိုင်လက်ဆောင်တစ်ခုပေးပြမယ်။ မင်းအမြဲတမ်းသတိရနေမဲ့အရာမျိုးပေါ့။


Hello
အေး နေမျိုးလား
ငါရဲရင့်
မင်းကိုငါပြောထားတဲ့ကိစ္စ
အကောင်ထည်ဖော်လိုက်တော့
မင်းလိုတဲ့ငွေပြော ငါပို့ပေးမယ်။
လူအင်အားအရမ်းများစရာမလိုဘူး။
မင်းအပါဝင်၅ယောက်လောက်ဆိုရပြီ။
အေး  ငါစိတ်ချမယ်။

🖤စောင့်မျှော်နေသူ🖤Where stories live. Discover now