Part.6

1.9K 75 0
                                    

             နာရီကိုကြည့်လိုက် ဆိုင်အပြင်ကိုကြည့်လိုက်နဲ့အလုပ်ရှုပ်နေသည်။ ချာတိတ်မှာချိန်းထားတာထက်နောက်ကျနေသောကြောင့်စိတ်ပူနေတာအမှန်ပင်။ဆိုင်ရှေ့ထွက်ကြည့်လိုက်ပြန်၀င်လိုက်လုပ်နေစဥ်ကိုယ်ရဲ့နမော်နမဲ့နိူင်မှုကြောင့် ရှေ့က၀င်လာတဲ့သူကိုတိုက်မိလေသည်။

    ဗိုက်ဆာလို့သူငယ်ချင်းတွေကိုပင်မစောင့်တော့ပဲဆိုင်ထဲသို့မြန်မြန်၀င်လာပါသည်ဆိုမှလူကို၀င်တိုက်မိသောလူကြောင့်ဒေါသကပိုထွက်လာပြီး
"ရှင်ဘဟ်လိုလူလဲ လူတစ်ယောက်လုံးကိုတောင်မမြင်ဘူးလား ဘယ်လိုလူမှန်းမသိဘူး"လို့ပြောပြီးမော့ကြည့်လိုက်စဥ် ရင်တစ်ခုလုံးပြောင်းဆန်သွားတာကိုယ့်ကိုယ်တိုင်ပဲဖြစ်သည်။ တစ်သက်နဲ့တစ်ကိုယ် မိန်းကလေးတွေအများကိုတွေ့ဖူးမြင်ဖူးသော်လဲဒီတစ်ယောက်ကျမှငေးယူရတဲ့အထိကြည့်နေမိစဥ်မှာ
တိမ်လွှာတကယ်မမြင်လိုက်လို့ပါ ကိုယ့်ဘာသာလောနေတာနဲ့ဒီကညီမလေးကိုမမြင်လိုက်တာ
"ရရဲ့လားဟင် ဘယ်နားနာသွားသေးလဲ"
အမလေးလေး 
လူတင်ချောတာမဟုတ် အသံလေးကလဲကြည်လင်ချိုမြနေတာအမှန်။
စောစောကရန်တွေ့မိတာတောင်ပြန်အားနာလာရသည်။
"ရပါတယ်  ညီမလဲဗိုက်ဆာနေတာနဲ့အမြန်လာလိုက်တာ အဲ့ကြောင့်အခုလိုဖြစ်သွားတာပါ"
အမကိုအဲ့ဆိုခွင့်ပြုပါဦးလို့ပြောတာတဲ့အပြောကြောင့် အမနာမည်တိမ်လွှာပဲလားလို့မေးတော့ ဖြူဖွေးလွန်းလှတဲ့သွားလေးတွေပေါ်အောင်ရီလိုက်ပြီး
"မိုးတိမ်လွှာလို့ခေါ်ပါတယ်"ဟုပြောပြီးထွက်သွားတဲ့နောက်ကျောကိုငေးနေရသည်။
သေချာသည်မှာ ရတီ မိုးတိမ်လွှာဆိုတဲ့သူမကိုထပ်ပြီးတွေ့ချင်နေတာပင်။
ထောင့်ဆုံးဝိုင်းမှာထိုင်နေတဲ့မိုးတိမ်လွှာနဲ့ရတီနဲ့ကဘေးတစ်စောင်းပင်။ ရတီတို့လောက်ရှိတဲ့ကောင်မလေးတစ်ယောက်နဲ့ပြောနေသည်ကိုတဒင်္ဂအတွင်း မနာလိုမိတာအမှန်ပင်။

ပြောပါဦး ချာတိတ်ရ ဘာလို့နောက်ကျနေရတာလဲ
မေးတာကိုပြန်မဖြေသေးပဲစူပုတ်ပုတ်လေးနဲ့သူ့ကိုမျက်စောင်းထိုးနေပုံကတကယ့်ကိုအူယားစရာလေးပင်။ ခုနကတစ်ယောက်ကဘယ်သူလဲ နွေဝင်လာတာကိုတောင်မမက
မမြင်ရတဲ့အကြောင်းလေး။
   သိလိုက်ပြီ။ ချာတိတ်ကဒါကြောင့်သ၀န်တိုနေတာကိုး။
ဘယ်သူလဲတော့မသိပါဘူး မနဲ့တိုက်မိလို့။
အဲ့တာတွေကအရေးမကြီးပါဘူး။ဘာလို့နောက်ကျနေရတာလဲ ခါတိုင်းနောက်မကျဘူးတာကို။
နွေဖြစ်ကြောင်းကုန်စဥ်ကိုမမကိုပြောလိုက်တော့သည်။ နွေပြောတဲ့စကားတွေ​ကြားတာတောင်မမမျက်နှာမှာအံ့သြမှုမရှိပါ။တစ်ခုခုကိုလေးလေးနက်နက်တွေးတဲ့ပုံဆန်။
ခဏကြာမှမဆီကစကားသံတစ်ချို့ထွက်ပေါ်လာသည်။
နောက်နှစ်ထဲဆိုပေမဲ့သိပ်မလိုတော့တာချာတိတ်လဲအသိပဲလေ။ မကချာတိတ်ကိုမခွဲနိူင်ဘူး ချာတိတ်လဲမခွဲနိူင်ဘူးဆိုတာ မ သိတယ်။
မကိုအချိန်တော့​ပေးပါ။ မ အားလုံးစီစဥ်မယ်။ချာတိတ်ဘက်ကသာ မ ခေါ်ရာလိုက်ရာ လိုက်ရဲဖို့ပဲလိုတဟ်။တကယ်လိုချာတိတ်သာတွေဝေနေရင် မ နဲ့ဝေးသွားနိူင်တဟ်ဆိုတာမမေ့ပါနဲ့။ချာတိတ်ကို မ အရမ်းချစ်တာ။

🖤စောင့်မျှော်နေသူ🖤Where stories live. Discover now