Part 14(Zawgyi)

995 36 0
                                    

တိမ်လွှာတို့ရှိတဲ့နေရာထိ စူပုပ်ပုပ်နဲ့လျှောက်လာနေတဲ့ပုံက ၃နှစ်သမီးလိုပင်။
ရဲရင့်ဘာတွေများပြောလိုက်လို့ အဲ့လောက်ထိစူပုပ်နေသည်ကိုမသိပါ။ အနားကိုရောက်ရောက်ချင်းဘယ်သူ့ကိုမှမကြည့်ပဲဝိုင်ခွက်ကောက်ကိုင်သောကြောင့်နည်းနည်းတော့စိုးရိမ်မိပါတယ်။ ဒီကလေးမလေးလဲ တိမ်လွှာကြောင့်မို့တော်တော်လေးပင်ပန်းနေရောပေါ့။ စိတ်ထဲလဲမကောင်းပေ။


" Sorry" နွေလေးရေ ကိုယ်ဂီတာသွားယူနေတာနည်းနည်းကြာသွားတယ် စိတ်မဆိုးဘူးမို့လားလို့မေးပုံကိုက မသိရင်သူချစ်သူကြနေတာပဲ။ ရဲရင့်ဆိုတဲ့ကောင်ကိုအဲ့ကြောင့်အမြင်ကပ်တာ။နွေကိုသာစကားပြောနေသော်လည်းသူ့အကြည့်ကိုရတီဆီမှာ။ပြုံးလိုက်တဲ့အပြုံးကလဲခနဲ့တဲ့အပြုံးဆိုတာတိမ်လွှာသိတာပေါ့။ မဖြစ်တော့ဘူး ဒီအခြေအနေကို တိမ်လွှာဝင်ထိန်းမြှဖစ်တော့မယ်။

ရတီ သက်သာရဲ့လား?။မသက်သာရင်အခန်းထဲပြန်နားမလား။အတူတူပြန်မယ်လေ။ရတီနေလို့မကောင်းတာမှန်ပေမဲ့ နောက်ထပ် ထပ်ပြီးရတီကြောင့်မကိုစိတ်မဆင်းရဲစေချငိတော့ပါ။ ရပါတယ် မရဲ့ ရတီဘာမှမဖြစ်ပါဘူး အခုလဲဝိုင်သောက်လိုက်လို့လားမသိဘူး လူကနည်းနည်းလန်းနေပြီ ဟဲဟဲ။

"အမလေးလေး ကြင်နာနေလိုက်ကြတာ အမြင်ကိုကပ်တယ်။ခင်ဗျားကြီးကိုမုန်းတယ် ဒေါ်တိမ်လွှာ"နွေလေး ကိုပြောတာကြားရဲ့လား။ ဒီလောက်ပြောနေတာတောင်မကြားပဲဘာတွေတွေးနေတာလဲ။ ဟင် မတွေးပါဘူး ကိုရဲရ။ ဘာမှမတွေးပါဘူး ဘာလို့လဲဟင်(ဟူးးတော်ပါသေးတယ် ဟိုနှစ်ယောက်သတိမထားမိလို့) ။ဘာလို့ဝိုင်နေအရမ်းသောက်နေတာလဲလို့မေးတာ ရှေ့ကပုလင်းလဲတစ်ဝက်နီးပါးကျိုးနေလို့လေ။စိတ်ညစ်စရာရှိရင်ကို့ကိုပြောပြနော်နွေလေး။
ဘာမှမဖြစ်ပါဘူးကိုရဲ ဂီတာယူလာဆိုတော့သီချငိးဆိုပြပါ နွေနားထောင်ချင်လို့။
ဟာ ဒုက္ခပဲကိုကဒီတိုင်းယူလာတာ နွေများတီးချင်မလားလို့လေ။ အန်တီပြောတာတော့နွေဂီတာတီးတတ်တယ်ဆို။

ဟုတ်ပါတယ်။ နွေဂီတာတီးတတ်ပါတယ်။နွေချစ်သူဖြစ်တဲ့တိမ်လွှာတောင်မသိပေ။မသိဘူးဆိုတာကလဲ တမင်မပြောခဲ့တာ သူ့မွေးနေ့မှာသီချင်းဆိုပြချင်လို့ တမင်မပြောပဲထားခဲ့တာ။အခုလဲကြည့်လေ။ ရဲရင့်ပြောသံကြားတာနဲ့ နွေကိုအကြည့်စူးစူးတွေနဲ့စိုက်ကြည့်နေတာလေ။အဲ့မျက်လုံးတွေကဘာကိုပြောချင်နေမှန်းနွေမသိပါ။ ပြီးတော့အပြုံး။ဟုတ်ပါ့ တကယ်ခဏဆိုမှခဏလေးပါ။အခုသူမဟုတ်သလို ရတီကိုဂရုစိုက်ပြနေတာ။ (မုန်းတယ် အရမ်းမုန်းတယ်ရှင့်ကို)အခုတော့တီးချင်စိတ်မရှိသေးလို့မတီးတော့ပါဘူး။ အခုလိုလူအများကြီးရှေ့တီးပြဖို့တကယ်စိတ်မပါပါ ။ဂီတာတီးတတ်တဲ့လက်တွေကတစ်ယောက်သောသူအတွက်ပင်။ ဟုတ်တယ် သူ့အတွက်သီးသန့်တီးပြဖို့အတွက်သာဖြစ်သည်။

🖤စောင့်မျှော်နေသူ🖤Where stories live. Discover now