Part.16

1.5K 48 0
                                    

တောက်...ပတ်၀န်ကျင်ကိုတော်မမြင်တော့ဘူးလားနွေလေးရာ။ ကိုယ်လေမင်းကိုသိပ်ချစ်တာ။ ပထမထွက်သွားတုန်းကသေလောက်အောင်ဟော့ဒီရင်ဘက်ကြီးကနာကျင်နေခဲ့တာကွ။ ဒုတိယအကြိမ်ကိုယ့်ဆီပြန်လာတော့လဲ ဒီတစ်ခါတော့မင်းကိုပိုင်ဆိုင်ရပြီလို့လဲထင်ခဲ့တာ။ ဘယ်အရာပဲနေနေလိုချင်တာဆို အကုန်ရတဲ့ငါက မင်းနဲ့မှရှုံးနေရတယ်နွေလေးရေ။ အခုတော့ဘာမဟုတ်တဲ့ မိုးတိမ်လွှာဆိုတော့မိန်းမကြောင့် မင်းကိုအဆုံးရှုံးမခံနိူင်ဘူးနွေ။ အနုနည်းနဲ့မရရင် အကြမ်းနည်းသုံးရမှာပဲနွေ။ အချစ်နဲ့စစ်မှာမတရားတာမရှိဘူးနွေ။ မင်းဟာငါ့အပိုင်ပဲဖြစ်ရမယ်။အခုတော့ပျော်ထားဦးနွေ။ သိပ်မကြာခင်မှာ မုန်တိုင်းလာတော့မှာမို့။

နွေနဲ့မအရင်လိုအဆင်ပြန်ပြေသွားခဲ့ပြီ။ မ ကအရာအားလုံးရှင်းပြလို့ ရတီကိုလဲမမုန်းတော့ပေ။(ရဲရင့်ရဲ့ယုတ်မာမှုတွေကိုတော့ နွေစိတ်ဆင်းရဲမှာဆိုးလို့ မပြောပြဖြစ်ခဲ့ပေ)တကယ်ဆိုကျေးဇူးတောင်တငိရဦးမယ်။ သူကြောင့်မို့ နွေတို့အခုလိုပြန်အဆင်ပြေတာကို။အဲ့တာကြောင့်လဲရတီကိုအခုလိုချိန်းခြင်းဖြစ်သည်။

"ရတီ ရောက်နေတာကြာပြီလား"

"ဟုတ်သိပ်တော့မကြာသေးဘူး မပိတောက်နွေ မရော မပါဘူးလား"

"ခဏနေလာလိမ့်မဟ် ရတီရေ သူရေချိုးနေလို့ နွေမစောင့်ပဲထွက်လာခဲ့တာ
ရင်းရင်းနှီးနှီး နွေလို့ပဲခေါ်ပါ"

"ဟုတ် မနဲ့ပြန်အဆင်ပြေတာသိရလို့ ရတီ၀မ်းသာပါတယ်"

"ကိုရဲရင့်အစားလဲရတီကပဲတောင်းပန်ပါတယ်နော်နွေ"

"ဟမ် ရဲရင့်အစားဟုတ်လား ရဲရင့်ကဘာဖြစ်လို့လဲ"

"ကိုရဲရင့်ကြောင့်နွေတို့"

ဘယ်အချိန်ရောက်လာသည်မသိတဲ့
မကြောင့်ပြောမဲ့စကားကိုပြီးအောင်မပြော သေးခင် မက၀င်ပြောနေတော့သည်။

"ရတီပြောချင်တာက ရဲရင့်ကြောင့်နွေနဲ့မအဆငိပြေသွားတာကိုပြောချင်တာဖြစ်မယ် ဟုတ်တယ်မလားရတီ"

🖤စောင့်မျှော်နေသူ🖤Where stories live. Discover now