Part 22(Final) Zawgyi

1.9K 49 12
                                    

အားး ကျွတ် ကျွတ်
ခေါင်း ခေါင်းကိုက်တယ်
တိမ်လွှာဘယ်ရောက်နေတာလဲ မေမေ
ခေါင်းအရမ်းကိုက်တယ်

 

သမီး သတိရလာပါပြီလား
ဖြေးဖြေး မေမေထူပေးမယ်
အရမ်းကြီးမလှုပ်ရှားနဲ့သမီး
ဗိုက်ကဒဏ်ရာကြီးနဲ့လေ
ဖေကြီးရေ
ဒေါက်တာကိုသွားပြော
သမီးလေးသတိရလာပြီလို့
သားကြီးရော လိုက်သွား မြန်မြန်လာလို့ပြောပေးနော် သားကြီး

မေမေ နွေရော
ပြီးတော့ရတီကော
တိမ်လွှာသိတာ ရဲရင့်ခေါ်လို့သွားတာ
အဲ့မှာပြသနာဖြစ်တယ်
နောက်ဘာတွေဆကိဖြစ်လို့
သမီးကဆေးရုံးရောက်နေတာလဲ
ဘာလို့စဉ်းစားမရတာလဲ
အားး ခေါင်းကိုက်တယ်

        ခေါင်းကိုက်ရင်မစဉ်းစားပါသေးနဲ့သမီးရယ်
သမီးမေ့နေတာ၃ရက်တောင်ရှိပြီ
သမီး သက်သာလာမှမေမေပြောပြမယ်နော်
အခုတော့ဘာမှမတွေးနဲ့ဉီး။

       တိမ်လွှာဆေးရုံမှာ၁၀ရက်တိတိနေပြီးနောက်မှတော့ဆေးရုံကဆင်းခွင့်ရသည်။
မေမေတို့အားလုံးတိမ်လွှာကိုတစ်ခုခုမပြောချင်လို့ဖုံးကွယ်ထားတာလဲတိမ်လွှာသိသည်။
နွေနဲ့ရတီအကြောင်းမေးလိုက်တိုင်း မေမေမျက်မှာပျက်နေသည်။ တိမ်လွှာဆေးရုံတက်နေရတာတောင်သူတို့နှစ်ယောက်စလုံးမလာနိုင်လောက်အောင်ဘာတွေအရေးကြီးနေကျလို့လဲ။ မေမေတော့ပြော၃ယောက်ထဲမှာ တိမ်လွှာကပဲ ဒဏ်ရာအများဆုံးရတာတဲ့။
အဲ့ဆိုဘာလို့မလာနိုင်ရတာလဲ။မဖြစ်ဘူး ဒီနေ့တော့ တိမ်လွှာသိချငိတာမေမေကိုမေးရမယ်။

         မေမေ  တိမ်လွှာမေးစရာရှိတယ်။ဒီနေ့တော့မေမေဖြေလိမ့်မယ်လို့ယုံကြည်တယ်။သူတို့နှစ်ယောက်ဘယ်မှာလဲမေမေ  ဘာလို့တိမ်လွှာကိုလာမကြည့်ကြတာလဲ
ပြသနာတြွေဖစ်ရတာ တိမ်လွှာကြောင့်မို့ သူတို့စိတ်ဆိုးပြီးမလာကြတာလားမေမေ
တိမ်လွှာကိုမလိမ်ပါနဲ့ အမှန်တိုင်းသိချင်တယ် ပြောပြပေးပါ တိမ်လွှာတောငိးပန်ပါတယ်။

သမီးလဲ နေပြန်ကောင်းနေပြီဆိုတော့မေမေပြောပြပါ့မယ်။ အဲ့နေ့က

      ဒီအခန်းထဲမှာ ငါတို့၎ယောက်ပဲရှိတယ်မိုးတိမ်လွှာ။ငါရှင်းရှင်းပဲပြောမယ် ဒီလောကမှာ မင်းနဲ့ငါနဲ့နှစ်ယောက်ထဲကတစ်ယောက်ယောက်မရှိမှအေးမှာ အဲ့တော့ မင်းကိုငါသတ်ရလိမ့်မယ် မိုးတိမ်လွှာ။

🖤စောင့်မျှော်နေသူ🖤Where stories live. Discover now