Part.20

1.3K 51 3
                                    

           ဒီနေ့ မိုးတိမ်လွှာဆိုတဲ့တိမ်လွှာရဲ့မွေးနေ့ပင်ဖြစ်သည်။မနက်နိုးနိုးချင်းချစ်ရသူရဲ့မွေးနေ့ဆုတောင်းစာလေးကလဲလူအတိုင်းချစ်ဖို့ကောင်းတယ်။
ဖုန်းကိုင်လိုက်တာနဲ့
မနေ့ည၁၂နာရီ၁မိနစ်မှာပို့ထားတာကြောင့်ပိုပြီးချစ်ရပါသည်။ နွေသည် တိမ်လွှာကိုသိပ်ချစ်ရှာသည်။ နွေလိုချစ်သူမျိုးရတာလဲ
တိမ်လွှာအတွက်ဘုရားပေးတဲ့ဆုလာဘ်ပင်။


❤️နွေ❤️ဆီမှ
❤️ချစ်ရတဲ့မရေ
မွေးနေ့မှာပျော်ရွှင်ပါစေနော်
အရမ်းချစ်တယ်
အခုမွေးနေ့မှစ၍နောင်နှစ်ပေါင်းများစွာ
နွေရဲ့ဘေးနားမှာနေပြီး
အမြဲတမ်းချစ်ပေးပါ
လက်ဆောင်ကိုတော့ညနေမှယူတော့နော်
သိပ်ချစ်တယ်❤️

တိမ်လွှာလဲမနက်စားစားပြီးတော့
ဖေဖေနဲ့မေမေကိုအပြင်
ကိုကိုပါရှိသောကြောင့်
၃ယောက်စလုံးကိုစုခိုင်းပြီး
ကန်တော့လိုက်သည်။
၃ယောက်စလုံးဆုပေးတာတွေက
များလွန်းလို့တိမ်လွှာတောင်မသိတော့
နောက်ဆုံးမေမေပြောတဲ့
စကားတစ်ခွန်းကိုတော့
တိမ်လွှာသိပ်သဘောကျသည်။
ချစ်ရတဲ့မေမေက
"မေမေ့အတွက်သမက်လောင်းရှာမပေးပဲ
ချွေးမရှာပေးတဲ့အတွက်မေမေကကျေးဇူးတင်ပါတယ်နော်
တစ်ခုပဲ
မေမေတို့အတွက်မျိုးဆက်ဆိုတာလိုသေးတာမို့
သမီးရဲ့အစ်ကို  ကိုတော့
သမီးလိုမျိုး  အိမ်ကို
ချွေးမခေါ်လာရအောင်ပဲလုပ်ပေး
သမက်တော့ခေါ်မလာခိုင်းနဲ့တော့နော်တဲ့"
အဲ့စကားသံအပြီးမှာ
တစ်အိမ်လုံး
တစ်ဟားဟားနဲ့ရီကြပါတော့သည်။


နေ့လည်ကျတော့အိမ်ကိုနွေလာသည်။တိမ်လွှာကတော့မွေးနေ့တိုင်းထူးထူးခြားခြားဘာမှလုပ်လေ့လုပ်ထမရှိတာကြောင့် အိမ်မှာပဲနေဖြစ်သည်။ညနေကျရင်မွေးနေ့ပွဲကရှိသေးသည်မလား။မနက်က မေမေကိုညနေမွေးနေ့ပွဲလာအရမ်းများမှားလို့မေးလိုက်တော့
ဖေဖေအသိမိသားစု၃စုလောက်နဲ့
မေမေသူငယ်ချင်းမိသားစုလောက်ပါပဲလာမယ်ဆိုသောကြောင့်နည်းနည်းတော့စိတ်အေးရသည်။လူအရမ်းများရင်တိမ်လွှာမနေတတ်။

🖤စောင့်မျှော်နေသူ🖤Where stories live. Discover now