Part.21

1.4K 50 0
                                    

       မင်းငါပြောတဲ့နေရာလာခဲ့မိုးတိမ်လွှာ
အေး လူကြီးတွေ ရဲတွေဘာတွေတိုင်ရင်တော့
မင်းရဲ့ချစ်လှပါပြီတဲ့ ပိတောက်နွေနဲ့ ရတီ
အသက်ရှင်မယ်မထင်နဲ့။

  မင်းကသိပ်ကိုအဆိပ်ပြင်းတဲ့မိန်းမ
ငါအလျော့ပေးထားလို့ အကန်းတတ်နေတဲ့ကောင်မ။အေး  ဒီနေ့တော့ မင်းဘဝလှသွားစေရမယ် အခုချက်ချင်း ငါပြောတဲ့နေရာလာခဲ့။ရဲတိုင်ရင်တော့ မင်းငါ့အကြောင်းသိပါတယ် မင်း၂ယောက်စလုံးကိုဆုံးရှုံးလိုက်ရမှာ
မင်းကြိုက်တာရွေး
တစ်ယောက်ထားလာမလား
ရဲတွေကို အကြောင်းကြားမလား။

ရဲရင်ဆီကလူမဆန်တဲ့လုပ်ရပ်ကိုကြားပြီးသည် တိမ်လွှာဘာလုပ်ရမှန်းမသိ။ရဲကိုပြောလို့ကလဲမဖြစ်သေး။အိမ်ကမိဘတွေတော့​မှရမည်။ဖုန်းဆက်မှ


Hello မေမေ
မွေးနေ့ပွဲကိုပြန်မလာတော့ဘူးနော်
ဒီညလဲပြန်မလာတော့ဘူး
နွေနဲ့ခရီးသွားမလို့
လက်မှတ်ကဖြတ်ထားပြီးသားဖြစ်နေလို့
ချစ်တယ်နော်မေမေ

      အိမ်ကိုလဲအကျိုးအကြောင်းပြောပြပြီးပြီ။အခုလုပ်ရမှာကရဲရင့်ပြောတဲ့နေရာဆီကိုသွားဖို့။သူပြောတဲ့နေရာတိမ်လွှာကောင်းကောင်းသိတယ်။
လမ်း၃၀အရှေ့ကိုတည့်တည့်မောင်းခဲ့တော့သည်။၅၇×၅၈လမ်းပေါ်သို့ရောက်ပြီ။
နည်းနည်းလေးဆက်မောင်းလိုက်တော့ သူပြောတဲ့နေရာသို့ရောက်ပြီ။
ဆောက်လက်စ အဆောက်ဦးတစ်ချို့ကလွဲပြီးဘာမှမရှိ။ ပတ်၀န်းကျင်ကတိမ်လွှာကိုစိတ်ခြောက်ခြားစေသည်။ပထမဆုံးတွေ့တဲ့လမ်းကြားဘက်ကိုမောင်းလိုက်တော့တွေ့ပြီ။၊ရဲရင်ကားကို အဲ့ရှေ့ထိမောင်းလိုက်ပြီ ကားပေါ်ကဆင်းလိုက်သည်။


          ရောက်လာပြီလား။ ထင်ထားတာထက်မြန်သားပဲ။ ဘာသောက်ဦးမလဲ။ရဲတွေဘာတွေကောတိုင်လိုက်သေးလား မိုးတိမ်လွှာ။

             အပိုတွေမပြောစမ်းနဲ့ဟာ  ငါနင့်ဆီလာတာ စားဖို့သောက်ဖို့မဟုတ်ဘူး။ ဘယ်မှာလဲ နွေနဲ့ရတီ  ဘာကိစ္စသူတို့ကိုဖမ်းထားတာလဲ  နင့်ကိုဘာတွေများသူတို့ကလုပ်နေလို့ အဲ့လောက်အောက်တန်းကျပြီးဖမ်းထားရတာလဲနင််မကျေနပ်တာကငါမလား။ အခုငါရောက်လာပြီပဲ ရဲရင့် နွေနဲ့ရတီကိုလွှတ်ပေးလိုက်။  နင်ဘာလိုချင်တာလဲ ရှင်းရှငိးပဲပြော နင့်လိုကောင်မျိုးရှိတဲ့နေရာမှာ  တစ်စက်ကလေးမှမနေချင်ဘူး။

🖤စောင့်မျှော်နေသူ🖤Where stories live. Discover now