Part.10

1.5K 66 0
                                    

                   ဘယ်လောက်ပဲ နာအောင်ပြောပါစေ။နွေကိုတိမ်လွှာသိပ်ချစ်ပါသည်။နွေကဘာလို့တိမ်လွှာကိုမယုံကြည်နေရတာလဲ။ဒါကိုတော့မကြိုက်ပေ။နွေကိုအဆက်သွယ်မရတာ၁လလောက်ရှိသွားပြီ။ဖုန်းခေါ်တော့လဲမကိုင်။အိမ်ကိုအရဲစွန့်ပြီးသွားတွေ့တော့လဲအတွေ့မခံ။စိတ်တွေရှုပ်တာနဲ့တစ်ခါမှမရောက်ဖူးတဲ့ ကလပ်သို့ထွက်လာတော့သည်။ကလပ်ကိုသွားဖို့အကြောင်းလဲရှိသည်မလား။အသားဖြူပြီး ၅ပေ၄လက်မရှိသောအရပ်ကြောင့်ဘာ၀တ်၀တ်ကြည့်ကောင်းနေတာဘုရားပေးတဲ့ဆုလာဘ်ပင်။အလှဆုံးနဲ့ဆွဲဆောင်မှုအရှိဆုံးကတိမ်လွှာနှုတ်ခမ်းပင်။ ရယ်လိုက်ရင်အသည်းပုံသဏ္ဍန်ဖြစ်နေတာကြောင့် ကျောင်းမှာကတည်းက နာမည်ကြီးသည်။

              စိတ်နဲ့လူနဲ့မကပ်ဘယ်လောက်ကြာသွားသလဲမသိတော့ပါ။တိမ်လွှာကို
"မ ပြန်ရအောင် စရောက်ကတည်းသောက်နေတာ။ကလပ်မှာလူပေါင်းစုံနဲ့။ ယုတ်မာချင်တဲ့သူတွေနဲ့တွေ့ရင်ဘယ်လိုလုပ်မလဲ
တစ်ခါမှမဖူးတဲ့သူက အခုလိုဖြစ်နေတာမြင်ရတော့ ဘာလုပ်ရမှန်းကိုမသိတော့ဘူး"တိမ်လွှာမော့ကြည့်လိုက်တော့ရတီပင်။တကယ့်ဂြိုလ်သူမလေး။သူကြောင့်နွေနဲ့ပြတ်ရတာမှန်ပေမဲ့ ရဲရင့်အကြောင့်စုံစမ်းရင်းမရည်ရွယ်ပဲရတီအကြောင်းသိရတော့ စိတ်မဆိုးနိူင်ပါ။မုန်းလဲမုန်းပါ။ချစ်တောင်ချစ်သေးတယ် ညီမလေးလိုပင်။ဒါပေမဲ့သူကြောင့်အခုလိုတွေဖြစ်တာဆိုတော့သူကိုယ်တိုင်ရှင်းပေးရမယ်မလား?


                  ပြန်မယ်ဆိုပြီးလူကိုထူရင်းကားဆီတွဲခေါ်သွားသောရတီကြောင့် နွေနဲ့အဖြစ်ပျက်ကိုသတိရမိတယ်။"နွေရယ် အရမ်းလွမ်းတာပဲကွာ   ဘာလို့မယုံကြည်ရတာလဲကွာ   ရတီအခုလိုဖြစ်ရတာမင်းကြောင့် မင်းမှာတာ၀န်ရှိတယ် မင်းပြန်ဖြေရှင်းပေးရမယ်"
မ ပြောသမျှရတီမကြားသလိုနေနေလိုက်သည်။ခက်တာက မ ကိုဘယ်မှာပြန်ပို့ရမလဲ။မ အိမ်ကိုရတီမသိပါ။ကိုရဲရင့်ကိုမေးဖို့ကလဲမဖြစ်ပြန်၊သူကသိပေမဲ့ရတီကို မ နဲ့ထပ်မပတ်သက်ဖို့ပြောထားတယ်မလား။ကိုယ်လုပ်ရက်ကြောင့်ကိုယ်ချစ်ရတဲ့သူ အခုလိုဖြစ်တာမြင်ရတော့ မှားသွားပြီလားဆိုတဲ့အတွေးကခေါင်းထဲရောက်လာသည်။

🖤စောင့်မျှော်နေသူ🖤Where stories live. Discover now