Part.13

1.5K 63 0
                                    

မ ဒီနေ့ဘာအစီအစဥ်ရှိလဲဟင်။
"ဘာလို့လဲရတီ ရတီကြည့်ရတာလဲမျက်နှာကဖြူဖတ်ဖြူရော်နဲ့ နေများမကောင်းဘူးလား"မေးလဲမေး လက်ကနဖူးပေါ်လာစမ်းသောအထိအတွေ့ကြောင့်နေလို့မကောင်းတာတောင်ပျောက်ချင်နေပါပြီမရယ်။

" ဟုတ် ရတီသိပ်နေလို့မကောင်းလို့လေ။ဒါပေမဲ့ မမှာအစီအစဥ်ရှိရင်ပြောလေ အရမ်းကြီးလဲဖြစ်တာမဟုတ်ဘူး အခုတော့နားလိုက်ဦးမဟ်နော်မ"
ထွက်သွားတဲ့ရတီကိုကြည့်ပြီးတိမ်လွှာတကယ်အားနာရပါတယ်။ သူ့အတွက်မကြည့်ပဲ တိမ်လွှာအတွက်ပဲအမြဲတွေးပေးနေလို့လေ။


BlackPinkရဲ့"Kill This love"သီချင်းသံကြားမှဖုန်း၀င်လာတာသိတော့သည်။တော်ရုံလူခေါ်လေ့မရှိတဲ့MPT Rihgtoneသံကြောင့်ဘယ်သူခေါ်တာလဲဆိုတာပိုသိချင်တော့ ဖုန်းကောက်ကိုင်စဥ် တစ်ဖက်ကအသံကြောင့် ရင်ခုန်သံတွေမြန်လာသည်။ပြသနာဖြစ်ပြီးကတည်းက အဆက်သွယ်လို့မရတဲ့သူကခေါ်လာသောကြောင့်

"Hello ဘာကိစ္စပြောစရာရှိလို့လဲနွေ"
တိမ်လွှာပြောသံကြားရဲ့သားနဲ့ ခေါ်ပြီးတမင်မထူးတာဘာသဘောလဲကွာ
"ပြောစရာမရှိရင်ဖုန်းချလိုက်မယ်"ဒီတော့မှ မမချောလေးအသံထွက်လာတော့သည်။
"ခဏလေးပါ နွေပြောစရာရှိလို့ပါ ဖုန်းတော့မချလိုက်ပါနဲ့ နွေပြောတာကိုဆုံးအောင်နားထောင်ပေးပါနော် မ
အာ မဟုတ်ပါဘူး မတိမ်လွှာ
ညကျရင်နွေတို့စုံရအောင် နေရာက××××××"
"Okလေ ဆုံကြတာပေါ့ ရတီပါခေါ်ခဲ့မယ်
ဆုံကြတာပေါ့ ပိတောက်နွေ"

ရတီခေါ်ပြီး နွေချိန်းတဲ့နေရာကိုလာခဲ့သည်။ ရတီကချစ်ဖို့ကောင်းပါသည်။ နီညိုရောင်ဂါ၀န်ရှည်ရှည်လေးကို အပေါ်ကအနက်ရောင်ကုတ်လေးထပ်ထားပုံကကြွေချင်စရာပင်။တိမ်လွှာကတော့ထုံးစံအတိုင်း တီရှပ်အဖြူကိုမှအနက်ရောင်ဂျင်းဘောင်းဘီနဲ့တွဲ၀တ်ပြီး အပေါ်ကနေ နီညိုရောင်ကုတ်ကို၀တ်ဆင်ထားသောကြောင့် မသိရင် ရတီနဲ့တိမ်လွှာကတကယ့်အတွဲလိုပင်။


တိမ်လွှာတို့ကိုကြည့်ပြီး မျက်နှာပျက်သွားတဲ့နွေပုံကချစ်စရာလေးပင်။နွေကိုဘဟ်အချိန်ပဲတွေ့တွေ့ရင်ခုန်သံတွေမြန်ဆန်လာသည်။ အခုလဲကြည့်လေ တိမ်လွှာတို့ကိုတွေ့တာနဲ့ ရဲရင့်ဆိုတဲ့ကောင်ကို ချိုချိုသာသာတွေပြောနေတာမတွေ့ချင်မှအဆုံး။ တိမ်လွှာသိတာပေါ့ နွေရွဲ့နေတယ်ဆိုတာ။

🖤စောင့်မျှော်နေသူ🖤Where stories live. Discover now