Part.2

3.2K 132 4
                                    

               တိမ်လွှာစိတ်မပါလို့ဘယ်မှမသွားဖြစ်ပဲအိမ်မှာနေနေသည်မှာ၃ရက်ရှိသွားပြီ၊ ဒီနေ့တော့အပြင်မသွားလို့မရပါ၊မေမေနေမကောင်းတာကြောင့်K2သို့တိမ်လွှာထွက်လာခဲ့သည်။ဆိုင်ရောက်တော့ ဧည့်သည်သိပ်မရှိ၂၀ိုင်းလောက်ပဲရှိနေသည်။ Managerကိုဘုန်းမြတ်မှဝယ်စရာတစ်ချို့ရှိသောကြောင့်အပြင်ထွက်သွားလေသည်။ဆိုင်တွင် တိမ်လွှာရယ် ဝန်ထမ်းတွေရယ်သာကျန်တော့သည်။

              မင်္ဂလာပါဆိုတဲ့ဝန်ထမ်းတစ်ချို့ရဲ့ဧည့်ကြိုစကားကြောင့် နောက်ထပ်ဧည့်သည်ရောက်လာတယ်ဆိုတာတိမ်လွှာသိလိုက်သည်။ အမှတ်တမဲ့လှမ်းကြည့်လိုက်တော့အတွဲဖြစ်ပုံရသည်။တော်ရုံလူဆိုသတိမထားမိတဲ့တိမ်လွှာတစ်ယောက်ဒီစုံတွဲကိုစိတ်ဝင်စားနေသည်မှာတစ်ခြားတော့မဟုတ်၊နွေဖြစ်နေသောကြောင့်ပင်ဖြစ်တယ်၊ဟုတ်ပါတယ် သူစိတ်ဝင်စားနေတဲ့ချာတိတ်မလေးပါပဲ။

              နွေဘေးမှာရှိနေတဲ့ယောက်ျားတစ်ယောက်ကဘယ်သူလဲ၊ ဘာလို့နွေနဲ့အတူတူရှိနေရတာလဲ၊နွေမှာအကိုမရှိတာတိမ်လွှာသိထားသည်။ ဒါဆို သူက သူကနွေနဲ့စေ့စပ်ထားတဲ့သူဖြစ်ရမယ်။ အလိုလိုဝမ်းနည်းလာတဲ့စိတ်ကြီးကိုတိမ်လွှာတစ်ယောက်မုန်းနေလေသည်။


သွားမနှုတ်ဆက်တော့ပေ။ သူတို့အေးဆေးနေပါစေဆိုပြီး လှည့်ထွက်လာလိုက်သည်။ သိပ်မကြာပေ တိမ်လွှာရှေ့မှာပေါ်လာတဲ့အရိပ်တစ်ခုကြောင့်မော့်အကြည့်မှာ သူသိပ်ချစ်ရပါသောချာတိတ်မလေးဖြစ်နေသည်။
မမတိမ်လွှာမလား၊ မမမေပြောပြဖူးတဲ့K2စားသောက်ဆိုင်ဆိုတာ ဒီဆိုင်ပဲလား ၊ဒါမမဆိုင်ပေါ့ နွေကိုတွေ့ရဲ့သားနဲ့မခေါ်တာတော့မဟုတ်လောက်ပါဘူးနော် မမလို့ပြောနေတဲ့ချာတိတ်မလေးကိုတိမ်လွှာပြုံးပြရင်း
မမ တကယ်မမြင်လိုက်လို့ပါ
အေးဆေးစားကြပါဦး၊ လိုအပ်တာရှိရင်ပြောနော်၊ အားမနာနဲ့နော် အဆင်မပြေတာရှိရင်ပြောပါ။
အားလုံးအဆင်ပြေပါတယ် ဒါနဲ့မမ
ဘာလို့မမမေတို့ဘက်မလာတာလဲလို့မေးနေစဥ်မှာပဲ နွေ... နွေအသိလား
ကိုယ့်ကိုမိတ်ဆက်ပေးဦးလေ၊
မထူးတော့ပါဘူး ကိုယ့်ဘာသာကိုယ်ပဲမျတ်ဆက်တော့မယ်။
"တွေ့ရတာဝမ်းသာပါတယ်ဗျ"
ကျွန်တော်နာမည်ရဲရင့်လို့ခေါ်ပါတယ်
နွေရဲ့ချစ်သူပါ။
နွေတောင်မိတ်ဆက်မပေးရသေးခင်ရဲရင့်ရဲ့မိတ်ဆက်မှုကနွေကိုစိတ်ပျက်စေတာအမှန်ပါ၊ ချစ်သူတဲ့လား..... နွေမှသူ့ကိုမချစ်တာ၊ မိဘတွေစကားနားထောင်တတ်တဲ့သမီးဖြစ်တာကြောင့် မိဘစိတ်တိုင်းကျလက်ခံလိုက်တာပဲရှိတယ်။ပိုပြီးစိတ်ပျက်စေတာက သူမိတ်ဆက်နေတာ မမမိုးတိမ်လွှာဖြစ်နေလို့ပင်။
သြော်...နွေချစ်သူလား၊ တွေ့ရတာဝမ်းသာပါတယ်။မနာမည် မိုးတိမ်လွှာလို့ခေါ်ပါတယ်။လမ်းမှာတွေ့ရင်ခေါ်နိူင်ပါတယ်လို့​အပြုံးမပျက်ပြောနေပင်မဲ့ ရင်ထဲမှာကမ္ဘာပျက်မတတ်ခံစားနေရတာ တိမ်လွှာကိုယ်တိုင်အသိဆုံးပင်ဖြစ်သည်။
နွေတစ်ယောက်ကအိမ်ပြန်ရောက်တာနဲ့စိတ်အလိုမကျမှုတွေပေါက်ကွဲကုန်တော့တယ်၊ ရဲရင့်ကိုပင်နှုတ်မဆက်နိူင်ပါ။ကိုယ့်အခန်းထဲသို့ရောက်တာနဲ့
ဘာသဘောလဲ။ နွေကိုမြင်ရဲ့သားနဲ့မခေါ်တာဘာလို့လဲ၊ နွေ၀င်လာကတည်းကမမကိုမြင်တယ်၊ နွေကိုကြည့်နေတာလဲမှန်ထဲကနေမြင်နေပေမဲ့ လာနှုတ်မဆက်ပဲ မသိချင်ယောင်ဆောင်နေသော မမရှေ့သို့နွေသွားနှုတ်ဆက်တော့လဲအခုမှတွေ့တာလိုလိုနဲ့ကြည့်နေတာဘာသဘောလဲ၊ ရဲရင့်ပါလာလို့သာနွေဘာမှဆက်မပြောဖြစ်ခဲ့၊ ခက်တာကမမသိသွားတာကရဲရင့်ဆိုသည်မှာနွေချစ်သူဆိုတာပင်။
နွေချစ်တာ မမကိုပါ၊ မမမိုးတိမ်လွှာဆိုတဲ့မမကိုပါမမရယ်၊ လွန်ခဲ့သော၃နှစ်၊ နွေတို့မန်းလေးမှာကားထက်ဆိုင်ကယ်ကပိုပေါများသည်၊ နွေဘယ်တော့မှမမေတဲ့ရက်စွဲလေး၊ ၂၀.၃.၂၀၁၆ပေါ့။ ထိုနေ့ကမမနဲ့တွေ့ဖူးတဲ့နေ့ဖြစ်သည်။ နှင်းဆီနဲ့နွေတို့မုန့်သွားစားပြီးအပြန်မှာရှေ့မှကွေ့လာတဲ့ကားတစ်စီးကြောင့်ကြောက်ကြောက်လန့်လန့်နဲ့လမ်းကြားထဲအကွေ့မှာတစ်ဖက်ကဆိုင်ကယ်ကိုတိုက်မိသည်။
ရှက်လဲရှက်၊ နာကလဲနာဖြစ်နေသောနွေဘေးမှာလူတစ်ယောက်ရောက်လာသည်။
ရရဲ့လား ...ညီမလေး
အဆင်ပြေရဲ့လား...တိမ်လွှာမမြင်လိုက်လို့ပါ။နွေခေါင်းညိတ်ပြရင်းမမမျက်နှာကိုကြည့်နေမိလေသည်။လာထူပေးတဲ့လက်တစ်စုံကြောင့်ရင်မှာနွေးထွေးနေသည်မှာအမှန်ပါ။ နွေတို့ကပါပြန်တောင်းပြန်လိုက်သည်။ ညီမတို့မှားတာပါ၊မမကောဘာဖြစ်သွားသေးလဲ။
ရပါတယ်၊ ဘာမှသိပ်မဖြစ်ပါဘူးပြောနေပေမဲ့တံတောင်ဆစ်ကသွေးတွေကျလာသည်ကိုမြင်တဲ့နွေက ထပ်ခါထပ်ခါတောင်းပန်စကားပြောလိုက်ပါသည်။ရပါတယ် အများကြီးလဲမဟုတ်ပါဘူး ဆေးထည့်လိုက်ရင်ရပြီ၊ ကိစ္စမရှိပါဘူး ဒီလောက်လေးနဲ့တော့လို့ပြောနေပေမဲ့ ဘယ်လောက်နာနေမယ်ဆိုတာနွေသိတာပေါ့။
ဆိုင်ကယ်စက်နှိုးရင်းပြုံးပြသွားသောမမကိုကြည့်ရင်းနွေကျန်ခဲ့သည်၊ နွေတို့လဲဆိုင်ကယ်ပြန်ထူလိုက်သည်။
ပိုက်ဆံအိတ်...ပိုက်ဆံအိတ်လေးပဲ
ပိုက်ဆံအိတ်ကိုကောက်ယူရင်းကြည့်လိုက်တံအခါမှာမမပုံလေးထွက်ကျလာသည်။နွေသည်အဲ့နေ့ကပြီး မမကိုမတွေ့ဖြစ်တော့ပါ။အခုတွေ့တော့လဲနွေကိုမမကသိပုံမရပါ။
အတိတ်ကိုပြန်တွေးရင်းDiaryစာအုပ်ကိုအံဆွဲထဲမထုတ်ကာ ခံစားချက်တစ့်ချို့ကိုချရေးလိုက်သည်။
"ချစ်ခြင်းမေတ္တာတွေအကြောင်း
နားလည်တယ်.....
အထူးသဖြင့် တစ်ဖက်သတ်ဆန်တဲ့
ချစ်ခြင်းမေတ္တာတွေအကြောင်း"

မမရယ်၊ နွေလေ မမကိုသိပ်ချစ်တာပဲ၊
ဘာလို့အခုမှပေါ်လာရတာလဲ
စာအုပ်ဆိုင်မှာပြန်တွေ့တော့သိပ်ပျော်နေရတာကော မမသိရဲ့လား။
ဟိုနေ့ကစာအုပ်သွားငှါးရင်းမမမေနဲ့တွေ့တော့ မမအကြောင်းတွေမေးဖြစ်သည်။ မမကK2ကိုတစ်ခါတစ်လေဆိုင်ထိုင်ပေးတတ်ကြောင်း၊ မမကိုတွေ့ချင်လို့နေ့တိုင်ူလာသော်လဲ ဒီနေ့မှတွေ့ရသည်။တွေ့တော့လဲစကားပြန်ပြောပုံကအေးတိအေးစက်နဲ့။
မမရယ်၊ နွေလေ မမကိုသိပ်ချစ်တာ
နွေတို့ဆုံဖြစ်တာကိုမမဘာလို့မေ့နေရတာလဲ
ဟုတ်ပါတယ်လေ မမကဘယ်မှတ်မိမလဲ
နွေမှာသာမမေ့နိုင်ခဲ့တာယနေ့ထိပဲ။
တကယ်ဆိုရင်လွန်ခဲ့တဲ့နှစ်တွေကတည်းကချစ်လာခဲ့ရတာ လာထူပေးတဲ့လက်စုံကပဲ နွေနှလုံးသားကိုယူသွားတာ
နွေလေမမကိုချစ်တယ်၊ ပိုင်ဆိုင်ချင်တယ်၊ အတ္တကြီးတယ်ပဲပြောပါစေ နွေကလွဲရင် မမဘယ်သူ့မှမချစ်ရဘူး မကြိုက်ရဘူး။
မနက်ဖြန်အတွက်နွေတကယ်ရင်ခုန်နေပါတယ်။
မမမေကသူ့မွေးနေ့မို့ နွေကောမမကိုပါအတူတူမုန့်လိုက်ကျွေးမယ်တဲ့လေ။
ချစ်တယ်မမရေ
မမ...နွေကိုချစ်လာအောင်နွေလုပ်ပြမယ်
အဲ့တာကလဲနွေ မမကိုသိပ်ချစ်လို့
ပိုင်ဆိုင်ချင်လို့ပါ မမရယ်။

🖤စောင့်မျှော်နေသူ🖤Where stories live. Discover now