Part.8

1.7K 64 0
                                    

             တိမ်လွှာတို့ထင်ထားမိတာကတစ်သက်လုံးအတူတူပျော်ရွှင်စွာနေသွားနိူင်တယ်လို့ပေါ့။တိမ်လွှာမိဘတွေကနားလည်ပေးသလိုနွေမိဘတွေလဲနားလည်ပေးမယ်လို့ပဲထင်ခဲ့ကြတာ။တိမ်လွှာဘဏ်ထဲမှာရှိသမျှပိုက်ဆံအားလုံးကိုထုတ်ကာ  G Fashionဆိုင်သေးလေးဖွင့်လိုက်သည်။ဆိုင်ကိုနွေနဲ့တိမ်လွှာ အတူတူထိုင်ဖြစ်သလို  တစ်ယောက်တစ်လှည့်ဆီလဲဆိုင်စောင့်ဖြစ်သည်။ဒီနေ့ နွေကနေမကောင်းချင်သလိုဖြစ်နေတယ်ဆိုတော့ကြောင့် ဆေးသောက်ပြီးအိမ်မှာနားခိုင်းလိုက်ပြီး တိမ်လွှာပဲဆိုင်စောင့်ဖြစ်သည်။


    ဆိုင်ထဲသို့၀င်လာတဲ့လူကြောင့်
တိမ်လွှာစိတ်ကျဥ်းကြပ်သည်မှာအမှန်။
သူကားတစ်ခြားမဟုတ်။လွန်ခဲ့သော
လပိုင်းလောက်ကတိမ်လွှာ၀င်တိုက်မိတဲ့
ရတီပင်ဖြစ်သည်။နွေကသူလာရင်မကြိုက်ပေ။ နွေကြိုက်တာသိတော့တိမ်လွှာလဲခပ်တန်းတန်းပဲနေဖြစ်သည်။ဟိုတစ်လောက
သူတို့သူငယ်ချင်းအုပ်စု င်္အကျီလာ၀ယ်ရာမှ ကောင်တာမှာ တိမ်လွှာရှိနေတာကိုမြင်ခြင်းကြောင့် တိမ်လွှာဆိုင်မှနိးသိတာအနည်းဆုံး၁ပတ်ကို၂ခေါက်လောက်တော့လာသည်။


   အခုလဲအ၀တ်စားလာဝယ်တာကနည်းနည်း။တိမ်လွှာကိုပေါ်တင်​ကြည့်လိုက်
ခိုးကြည့်လိုက်လုပ်နေတာများများ။သိတာသိပ်မကြာသေးပေမဲ့ ရဲတင်းလွန်းတဲ့ ရတီရဲ့အကြည့် အပြုအမူတွေကို တိမ်လွှာတကယ်မနှစ်မြို့ပေ။ဟိုတစ်လောက Fb accကိုဘယ်လိုသိသွားသည်မသိပါ။ လာaddသောကြောင့် မကောင်းတတ်တာနဲ့လက်ခံလိုက်တော့ chat boxမှာရိသဲ့သဲ့လာပြောလွန်းတဲ့သူကြောင့် နွေကိုတော်တော်လေးချော့လိုက်ရသည်။

" မတိမ်လွှာ ဘာဆေးတွေများစားလို့
ဒီလောက်လှပြီးဆွဲဆောင်မှုရှိနေရတာလဲ
ရတီတောင် မတိမ်လွှာကိုချစ်ချင်လာပြီ"အခုလဲသူပြောပုံကိုကြည့်။တိမ်လွှာသူ့ကိုမော့အကြည့်မှာ ရန်ကုန်ကအဒေါ်တွေဆီအလည်သွားမည်ဖြစ်ကြောင်း။သူချစ်သူတဲ့သူရှိကြောင်း မန်းလေးကပဲဖြစ်ကြောင်း
တော်ပါသေးတယ် အခုမှပဲတိမ်လွှာ
စိတ်သာရတော့သည်။အခုလဲ
ရန်ကုန်မသွားခင်အဝတ်စား
လာဝယ်တာဖြစ်ကြောင်း
တိမ်လွှာအလိုက်သိစွာ
ဂရုစိုက်သွားဦးလို့သာပြန်ပြောဖြစ်သည်။

🖤စောင့်မျှော်နေသူ🖤Where stories live. Discover now