Part 11(Zawgyi)

1K 39 0
                                    

မ နိုးလာပြီလား? ရတီလေ မ ကိုအ၀တ်စားလဲပေးထားတယ်နော်။ ရတီကိုယုံပါနော်မ။ဘာမှမလုပ်ပါဘူး(နမ်းတာကချွင်းချက်ပေါ့)။

ဟုတ်လား..... ရပါတယ် ကျေးဇူးနော်ရတီ။

မ ရတီကိုစိတ်မဆိုးဘူးလား မတို့ကိုခွဲမိလို့
မျက်နှာငယ်လေးနဲ့ပြောနေသော ရတီကိုတကယ်စိတ်မဆိုးနိုင်ပါ။ ဘာကြောင့်လဲဆ်ုတော့ကိုယ်ကိုယ့်ကိုသေချာမသိတော့ပါ။

စိတ်ဆိုးတာပေါ့..စစသိတုန်းကဆိုမင်းကိုသတ်တောင်သတ်ချင်နေတာ မင်းဒီမှာမရှိတာကံကောင်းသွားတယ်မှတ်။

မ တောင်းပန်ပါတယ် ရတီကြောင့်ဖြစ်တဲ့ပြသနာကိုရတီပြန်ရှင်းပေးပါ့မယ်၊မနဲ့နွကေိုပြန်လည်အဆင်ပြေအောင်ရတီပြန်လုပ်ပေးပါ့မယ်။

မကိုရတီတောင်းပန်ပါတယ်နော် ကိုယ်ဖြစ်ချင်တာပဲသိပြီးကိုယ်လုပ်ချင်တာတွေလုပ်မိလို့ မတို့အတွဲကိုခွဲမိသွားတာ
ရတီမကိုအရမ်းချစ်တယ်အဲ့ကြောင့်
မဖြစ်သင့်တာတြွေဖစ်ကုန်တာ အခုရတီသိလိုက်ပြီ အချစ်ဆိုတာရယူခြင်းမဟုတ်သလိုပေးဆပ်ခြင်းလဲမဟုတ်ဘူး။အချစ်ဆိုတာချနေဖို့ပဲလိုတာပါ။


မ သိအောင်ပြောပြချင်လို့ပြောပြတာပါ၊မ ဆီကဘာမှမျှော်လင့်မထားဘူး။မျှော်လင့်လဲကိုယ်ဖြစ်ချင်သလိုဖြစ်မှမလာတာ။
ထားပါတော့ ခုနကစကား​တွေရတီမပြောခဲ့ဖူးလို့ပဲ မ သိထားလိုက်ပါ။အခုမနဲ့နွတေို့ပြန်အဆင်ပြေဖို့သာအဓိကပါ။


တိမ်လွှာကမမျှော်လင့်ထားတာကိုသိလိုက်ရတာကြောင့် ပြောစရာစကားလုံးရှာမတွေ့ပါ။ ရတီသူ့ကိုချစ်နေတာသိပေမဲ့ အခုလိုပြောလာလိမ့်မယ်လို့ထင်မထားတာအမှန်။

"မင်း ငါ့ချစ်သူအဖြစ်ဟန်ဆောင်ပေးပါ။နွေဟာငါ့ကိုသိပ်ချစ်တာငါသိတယ် ဒါပေမဲ့ငါ့အပေါ်ယုံကြည်မှုရမရှိဘူး။အချစ်ရေးမှာယုံကြည်မှုကလဲမပါမဖြစ်ပဲရတီ။ငါနွေစိတ်ကိုစမ်းသက်ဖို့လိုနေပြီ။ယုံကြည်မှုမရှိတဲ့အချစ်ရေးကိုလဲငါမလိုချင်ဘူး။"

ငါသိလောက်ကတော့နွေတို့မိသားစုနဲ့ရဲရင့်ရယ် ၁၅ရက်နေ့ချောင်းသာသွားမယ်လို့သတင်းကြားထားတယ်။ငါတို့အဲ့ဒီကိုလိုက်သွားမယ်။ပြီးတော့မင်းကရဲရင့်ဘာတွေကြံစည်နေလဲဆိုတာသိအောင်လုပ်ပေးပါ။
ငါလဲနွေငါ့ကိုတကယ်မုန်း မမုန်းသိအောင်လုပ်ရမယ်။နွေကမင်းဖြေရှင်းပေးလိုက်ရင်အားလုံးပြန်အဆင်ပြေသွားမှာမှန်ပေမဲ့ ငါ့အပေါ်ယုံကြည်မှုမရှိပဲလက်တွဲမှာကိုတော့မလိုလားဘူး။ရတီ မင်းသာသူတို့အရှေ့ရောက်ရင်သရုပ်ဆောင်ပီပြင်ပါစေနော်။ဒီနေ့က၁၃မလား ငါတို့အရင်ရောက်သွားဖို့လိုတယ် မနက်ဖြန်ငါတို့အစီအစဉ်စမယ်။သူတို့ထက်အရင်ရောက်ဖို့လိုတယ်။ မနက်ဖြန်တွေ့မယ်။အခုတော့ပြန်လိုက်ဉီးနော် မနေ့ကအတွက်ကျေးဖူးနော်။

ပြောချင်တာပြောပြီးထွက်သွားတဲ့မရဲ့နောက်ကျောဘက်ကိုငေးရင်းရတီပြုံးမိတာအမှန်ပင်။ရယူခြင်းနဲ့ပိုင်ဆိုင်ချင်ပေမဲ့ ကိုယ့်ကိုမချစ်တဲ့လူတစ်ယောက်ကိုပေးဆပ်ခြင်းနဲ့ချစ်ပြီး ကိုယ်ချစ်တဲ့သူပျော်ရွှင်ဖို့ကိုသာရွေးခဲ့တဲ့ရတီအတွက် ကံတရားကလက်ဆောင်ပြန်ပေးလိုက်တာလား။ မရဲ့ချစ်သူအဖြစ်နေပေးဖို့။

ဟန်ဆောင်ခြင်းလို့ရတီမသတ်မှတ်နိုင်ပါ။ ဟန်ဆောင်မှုလို့မထင်ရအောင်ကိုအသက်ဝင်မှာပါမရယ်။မရဲ့ချစ်သူအဖြစ်ဟန်ဆောင်ပေးရတာနဲ့တင်ရတီပျော်နေပါပြီ။

ဘာပဲဖြစ်နေပါစေ။မ မမုန်းပဲနဲ့ မရဲ့အနားထပ်ရှိနေရဉီးမှာပဲလေ။ပျော်တယ် ရတီသိပ်ကိုပျော်ပါတယ်မရယ်။

ချောင်းသာသို့ရတီတို့အရင်ရောက်ဖြစ်သည်။ရောက်ဖြစ်မှာပေါ့၁ရက်စောထွက်လာတာမလား။မကအားလုံးစုံစမ်းပြီးသားမို့ထင်ပါရဲ့။ နွေတို့တည်းမဲ့Hotelကိုသာရွေးချယ်တယ်။အခန်းငှါးတော့နည်းနည်းစိတ်ရှုပ်ရတာအမှန်။ ၁ယောက်ခန်းတွေကုန်နေကြောင်းသိရတော့ ရတီမှာ မကိုအားနာရပြန်ပြီ။ရတီကတစ်ခြားတည်းဖို့ပြောတော့ မ ကအဆင်ပြေပါတဟ်တဲ့။သူတို့ယုံအောင်တော့လုပ်ရမှာပေါ့တဲ့။ ရတီကိုလဲယုံတယ်တဲ့လေ သူ့ကိုကူညီပေးမယ်ဆိုတာ။ အားမနာပါနဲ့ဆ်ုတာကပါသေး။

မ မသိဘူးနော် မနဲ့တစ်ခန်းထဲနေရမှာ ရတီဘယ်လောက်ရင်ခုန်လဲဆိုတာ။ မ ကိုတော့ယုံတယ်။ကိုယ့်ကိုယ်ကိုတော့ရတီမယုံပါ။ကိုဟ်ကချစ်နေရသူမလား။ဘယ်လိုလုပ်စိတ်ထိန်းချုပ်နိုင်ပါ့မလဲ။ ဒါပေမဲ့ရတီကြိုးစားရမှာပဲလေ။ ရတီကူညီမယ်လို့ဆုံးဖြတ်ပြီးပြီပဲလေ။

မ ပျော်နေဖို့ကသာအဓိကပါ။ မ ပျော်နေမယ်ဆို ရတီအားလုံးကိုလဲရဲပါတယ်။ ရတီအသက်ကိုတောင်မှပေါ့ မရယ်။

မနက်ဖြန်အတွက်ရင်ခုန်တယ်။ရတီနဲ့မနဲ့ချစ်သူဆိုတာ ကိုရဲရင့်သိအောင် ရတီကိုဘာပြောမလဲ ။ဘာတွေဖိအားပေးဉီးမလဲ။
အား....မသိချင်တော့ဘူး။ ဘာတွေပဲဖြစ်လာပါစေ ။မ ကိုကူညီရမယ် ။ မ ပျော်ဖို့သာအဓိက။

🖤စောင့်မျှော်နေသူ🖤Where stories live. Discover now