Part.9

1.5K 68 0
                                    

                  တိမ်လွှာမှာနွေရေခဲမုန့်စားချင်တယ်လို့ပူဆာသောကြောင့်Oceanဘက်သို့ထွက်လာခဲ့သည်။ နောက်ထပ်ဘာစားဦးမလဲလို့ဖုန်းဆက်မေးချိန် ဖုန်းမကိုင်ပါ။ ဆိုင်ကနေမထွက်ခင်အထိတောင်နွေလိုင်းသုံးနေတာမလား။ အခုကျတော့ဖုန်းမကိုင်။ ဆိုင်ဖုန်းကိုဆက်တော့ သင်းသင်းလာကိူင်သည်။ သင်းလဲ့ဆိုတာအချစ်ဆုံးသူငယ်ချင်းမြူခိုးမေရဲ့ညီမ၀မ်းကွဲလေးဖြစ်သည်။Fashionဆိုင်ဖွင့်ရန်လုပ်နေတော့သင်းလဲ့က ဆိုင်မှာလာကူပေးရင်းလေ့လာနေတာပဲဖြစ်သည်။

           သင်းလဲ့လား  နွေဖုန်းမကိုင်လို့ မ ဆက်လိုက်တာ သူမအားလို့လား။ မနွေအသိဆိုတဲ့သူလာလို့ အဲ့တာစကားပြောနေတာ ဖုန်းကအံဆွဲထဲမှာမို့မကြားတာဖြစ်မယ်။ မတိမ်လွှာအရေးကြီးရင် သင်းသွားပေးလိုက်မယ်လေ။
         နေ  နေ မကအရေးမကြီးပါဘူးဒီတိုင်းဆက်လိုက်တာ။ဒါနဲ့နွေဧည့်သည်ကဘယ်သူလဲဆိုတာသင်းလဲ့သိလား။
          သင်းလဲ့တော့မမြင်ဖူးဘူး။ခုနက မနွေက ရဲရင့်လို့ခေါ်သံကြားတယ်။
        ဘယ်လို  ရဲရင့်ဟုတ်လား။ မဖုန်းဆက်တာ နွေမသိစေနဲ့နော်။
         

           
           ဘယ်လိုရဲရင့်။ မာမီ ပါတယ်ဟုတ်လား။ဘယ်မှာလဲ မာမီ။နွေ မာမီကိုတွေ့ချင်တယ် ။   ရဲရင့်ရဲ့ဖုန်းဆက်အပြီးမှာ ဆိုင်ထဲသို့မာမီ၀င်လာသည်။ မာမီကနွေကိုသိပ်ချစ်ရှာသည်။ နွေအခုလို မာမီကိုမြင်ရတော့လဲစိတ်မ​ကောင်းပါ။နွေကြောင့်မာမီတို့မျက်နှာပျက်ရတယ်မလား။
           

          မာမီအခု သမီးကိုလာတွေ့လို့ အံသြနေလား။ မာမီတို့ကသမီးကိုလွတ်ထားတယ်များသမီးထင်နေသလား။မာမီတို့သမီးအကြောင်းအမြဲတမ်းစုံစမ်းတယ်။မာမီတို့ ရင်ခွင်ကိုခြေစုံကန်ပြီသမီးရွေးချယ်လိုက်တဲ့သူကသမီးဘဝကိုစိတ်ချမ်းသာအောင်ထားနိူင်ပါ့လား။ ပြီးတော့သမီးလေးကိုကော သစ္စာရှိရှိချစ်နိူင်ပါ့လား သမီး။


          သမီး  သူ့ကိုယုံတယ်။ ပြီးတော့သမီးကိုလဲ သူသိပ်ချစ်ရှာတယ်။ သမီးမယုံကြည်ရအောင်လဲမနေသလို ဘယ်တော့မှလဲသမီးကိုမလိမ်ဘူး မာမီ။သမီးဆီလာတာ မာမီကအဲ့အကြောင်းတွေပြောဖို့လာတာလား။ အဲ့ဆိုစိတ်ချလိုက်ပါမာမီ။ သူကသမီးကိုဘယ်တော့မှသစ္စာမဖောက်ဘူးမာမီ။

🖤စောင့်မျှော်နေသူ🖤Where stories live. Discover now