Part 19 (Unicode)

18.4K 2.6K 49
                                    

တောအုပ်ကြီးသည် စိမ်းညှို့နေသည်။ အေးချမ်းသောဒေသမှာ ပေါက်ရောက်သော တောအုပ်များ၏ လက္ခဏာအတိုင်း ချုံနွယ်ပိတ်ပေါင်းနှင့် တိုးမရအောင် သိပ်သည်းစွာပေါက်ရောက်နေသာ တောအုပ်မျိုးမဟုတ်။ ဆူးပင်၊ ချုံပင်တစ်ချို့ရှိသော်လည်း တောအုပ်မြေပြင်သည် ရှင်းလင်းနေသည်။ သစ်ရွက်ကြွေများ၊ တောင်ကုန်းမို့များရှိသော်လည်း မြင်းကိုဒုန်းစီး စီးနင်းသွားနိုင်သည်။

လုလိယက်စ်သည် မြင်းကို အရှိန်ပြင်းစွာ မောင်းနှင်နေရာမှ နောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ဖဲလ်လစ်သည် သူ့နောက်မလှမ်းမကမ်းမှာဖြစ်သည်။

"အရှင်.. ကျွန်တော်တို့ လူတွေနဲ့ တော်တော်ဝေးနေပြီ။"

နောက်နားမှ ဖဲလ်လစ်၏ လှမ်းအော်လိုက်သံကို လုလိယက်စ်ကြားလိုက်ပေမယ့် မြင်းကို အရှိန်မလျှော့ဘဲ တောင်ကုန်းမြင့်ပေါ်မှ ဆင်းသွားခဲ့သည်။ ဒရယ်ကို မျက်ခြေပြတ်သွာခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ အခုအချိန်မှာ ဒရယ်ကို ပစ်ခတ်ဖို့ရန် လုလိယက်စ် စိတ်မဝင်စားတော့။ ဒီနေရာတွေကို သူ ရောက်ဖူးသည်။ ရှေ့ဆက်သွားလျှင် ရေတံခွန်ငယ်တစ်ခုရှိသည့် စမ်းချောင်းနေရာသို့ ရောက်တော့မည်ဖြစ်သည်။

"အရှင်.."

ဖဲလ်လစ်သည် လုလိယက်စ်၏ ဘေးတွင်ရောက်နေပြီဖြစ်သည်။ ခြုံထည်က ကျောနောက်မှာ လွင့်နေသလို ပခုံးကျော်နေသည့် ဆံပင်လိပ်နက်များသည်လည်း လှိုင်းအိအိများလို မြင့်တက်နိမ့်လိုက်ဖြစ်သည်။ လုလိယက်စ် အကြည့်လွှဲလိုက်သည်။ နန်းတွင်းမှ အချောအလှများကို သူ တွေ့ဖူးသည်။ အချောတကာ့ အချောဆုံးဆိုသည့် အပျိုမယ်များ၊ လူပျိုငယ်များနှင့်လည်း အတူနေဖူးသည်။ ဒါပေမဲ့ ဖဲလ်လစ်လောက် သူ့အပေါ် လွှမ်းမိုးနိုင်သူမရှိ။

အံ့သြပေမယ့် အမှန်တရားဖြစ်သောကြောင့် လက်မခံလို့မရ။ ဒီကောင်လေးကို စတွေ့ချိန်ကတည်းက လုလိယက်စ်အတွက် ထူးခြားခဲ့သည်။ အသိနှင့်ယှဉ်တွဲကာ စဉ်းစားဆုံးဖြတ်နိုင်စွမ်းပင် မရှိနိုင်တော့လောက်အောင် လွှမ်းမိုးနိုင်မှု။ ထိုမှတစ်ဆင့် အချိန်ကြာလာသည်နှင့်အမျှ ပျင်းရိငြီးငွေ့သွားရမည့်အစား နင့်နဲစွာ တွယ်ငြိလာစေသည့် သံယောဇဉ်။

ထာ၀ရ ပုံပေWhere stories live. Discover now