ညီမလေးတစ်ယောက်က သမိုင်းကြောင်းနောက်ခံ ဇာတ်လမ်းတစ်ပုဒ် ရေးပါလားလို့ လာပြောခဲ့လို့ ဒီဇာတ်လမ်းကို ရေးမယ်လို့ စပြီးအတွေးဝင်ခဲ့တာပါ။ ဒီအတွက် ညီမလေး Author invisible_clover ကို ကျေးဇူးအမြဲတင်နေမှာပါ။ ရေးမယ်လို့ စတွေးတုန်းက ပုံပေမြို့ဖြစ်ရပ်နောက်ခံ Historical BL ဇာတ်လမ်းတစ်ပုဒ် ရေးမယ်ဆိုတာကလွဲရင် ဘာမှသိပ်ပြီး ထွေထွေထူးထူး မစဉ်းစားဖြစ်ခဲ့ဘူ။
အဲ.. ဒါပေမဲ့ ဘယ်လိုရေးမလဲဆိုတာကို စပြီး တွေးလိုက်ကတည်းက ထင်သလောက် မလွယ်ဘူးဆိုတာကို ချက်ချင်းနားလည်သွားတယ်။ တကယ့်ကို စိန်ခေါ်မှုကြီးပဲ။ ရေးခဲ့သမျှထဲမှာ အခက်ခဲဆုံး၊ အပင်ပန်းဆုံး၊ စိတ်ဖိစီးမှုအများဆုံး၊ အချိန်အပေးရဆုံး ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပေမယ့် အခုတော့ ဝမ်းသာမိတယ်။ တစ်သက်မှာ တစ်ခါပဲ ရေးဖြစ်မယ့် ဇာတ်လမ်းမျိုးကို အဆုံးသတ်ထိ ရေးနိုင်ခဲ့တာကို ကျေနပ်မိတယ်။
ပုံပေ..
ဒီမြို့ကို စွဲလမ်းခဲ့တာ ဆယ်နှစ်ကျော်ခဲ့ပြီ။ အီတလီနိုင်ငံမှာ ပထမဆုံး သွားလည်ခဲ့တဲ့နေရာ ဆိုရင်လည်း မမှားပါဘူး။ အဲ့ဒီ့အချိန်တုန်းက သိပ်နားမလည်ခဲ့ဘူး။ ဘာသာစကားအခက်အခဲကြောင့်ရော၊ သမိုင်းဖြစ်ရပ်တွေကို သေချာမလေ့လာဘဲ Tourist အဖြစ်သက်သက် သွားဖြစ်ခဲ့တာဆိုတော့လေ။ ဒီဇာတ်လမ်းလေး ရေးမယ်လို့ ဆုံးဖြတ်ပြီးတဲ့ ၂၀၁၇ ခုနှစ်မှာတော့ ဒုတိယအကြိမ် ထပ်သွားခဲ့တယ်။ ဒီတစ်ခါတော့ ပုံပေမြို့ဟောင်း၊ ပုံပေနဲ့ပတ်သက်တဲ့ အဖိုးတန်အမွေအနှစ်တွေ သိမ်းဆည်းပြသထားတဲ့ Napoli မြို့က Museo Archeologico Nazionale di Napoli ပြတိုက်နဲ့ အနားယူစံအိမ်အဖြစ် သရုပ်ဖော်ခဲ့တဲ့ မြို့ပြင်အိမ်ကြီး Villa di Poppea မှာပါ အချိန်ပေးလေ့လာခဲ့တယ်။ သက်ဆိုင်တဲ့ မှတ်တမ်းစာအုပ်တွေကို ဝယ်ဖြစ်ခဲ့တယ်။
အဖြစ်အပျက်တွေကို လေ့လာလေလေ မရေးနိုင်မှာကို စိုးရိမ်လာလေလေပဲ။ နေ့မနားညမနား ကြိုးစားခဲ့တယ်ဆိုတာ တကယ်ပါ။ နှစ်နဲ့ချီတဲ့ ပြင်ဆင်မှုတွေ ရှိခဲ့ပါတယ်။ စာအုပ်တွေကို ဖတ်။ အချက်အလက်တွေ ရေးမှတ်ရုံနဲ့တင် မရခဲ့ဘူး။ ဖတ်ခဲ့သမျှကို တိတိကျကျနားလည်ဖို့နဲ့ မြန်မာဘာသာနဲ့ အဆင်ပြေပြေ ရေးနိုင်ဖို့ ခေါင်းခြောက်ခဲ့ရတာတွေ အများကြီးပါပဲ။ ဇာတ်လမ်းကို အခေါက်ပေါင်း ရာကျော်ခဲ့တဲ့အထိ ပြန်ဖတ်၊ ပြန်ပြင်။ ထပ်ထည့်၊ ပြန်ဖြုတ်တွေ ရှိခဲ့ပါတယ်။ ဇာတ်လမ်းရသအတွက်ပဲ ဦးစားပေး မရေးချင်ဘဲ ရောမခေတ်ကာလကို တစေ့တစောင်း ပြောပြသွားချင်မိတာကြောင့် အပင်ပန်းခံရကျိုးနပ်တယ်လို့ပဲ ယုံကြည်မိပါတယ်။ အခန်းတစ်ခန်း ရေးတော့မယ်ဆိုရင် ဘယ်နေရာမှာ ဇာတ်အိမ်တည်မလဲဆိုတာကို အရင် စဉ်းစားဖြစ်တယ်။ တစ်ခန်းနဲ့တစ်ခန်း မတူရအောင်၊ ရောမခေတ်ကာလရဲ့ ဓလေ့ထုံးတမ်းတွေကို မသိမသာလေးပဲဖြစ်ဖြစ် ပြောပြနိုင်ရအောင် ကြိုးစားခဲ့ပါတယ်။
YOU ARE READING
ထာ၀ရ ပုံပေ