ကျေးဇူးတင်စကားကိုတောင် အခုမှရေးဖြစ်တယ်။ ခွင့်လွှတ်ပေးကြပါနော်။ ဖတ်ပြီးအားပေးခဲ့ကြသူ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ သြဂုတ်လထဲမှာ စာအုပ်လေးဖြစ်လာဖို့ မျှော်လင့်နေပါတယ်။ မမွန်လည်း မြန်မာပြည်ပြန်လာဖြစ်မယ်ဆိုတော့ ထာဝရပုံပေ ဆိုတဲ့ စာအုပ်လေးကို ဆိုင်တွေရှေ့မှာ ရပ်ငေးခွင့်ရှိပါစေလို့ ဆုတောင်းနေတယ်။
၀ါသနာပါလို့ စာရေးတယ်ဆိုပေမယ့် စာစရေးကတည်းက မမွန်နားလည်တာတစ်ခုရှိတယ်။ အဲဒါက စာဖတ်သူတွေကို ကျေးဇူးတင်ရမယ်ဆိုတာပဲ။ ဟုတ်တယ်ရယ်။ စာရေးသူတစ်ယောက်အတွက် စာဖတ်သူတွေဟာ ခွန်အားပဲ။ အဲ့ဒီ့ခွန်အားဟာ အသွေးအသားထဲထိ စိမ့်ဝင်တဲ့ ခွန်အားမျိုး။ စာဖတ်သူတစ်ယောက် ကိုယ်ရေးထားတာကို ဖတ်ပြီး ဘယ်လိုခံစားရပါတယ်လို့ ရေးထားတဲ့ Feedback တစ်ကြောင်းဟာ ခွန်အားပဲ။ အားဆေးပဲ။ ဘာနဲ့မှလဲလို့မရဘူး။ စာရေးသူတိုင်း မမွန် ပြောတာကိုနားလည်မှာပါ။
နောက်ပြီး စာဖတ်သူတွေကို မလေးစားတဲ့ စာရေးသူတစ်ယောက်ဟာ ကိုယ်ရေးသားထားတဲ့ စာတွေအပေါ်မှာလည်း မလေးစားဘူးလို့ပဲ မြင်တယ်။ စာရေးသူက သူ ရေးချင်လို့ရေးတယ်။ စာဖတ်သူက သူဖတ်ချင်လို့ ဖတ်တယ်ဆိုပေမယ့် အပြန်အလှန်မေတ္တာဆိုတာကို ယုံတယ်။ ဒါ့ကြောင့်လည်း စာရေးဖြစ်တဲ့အတွက်ရော၊ wp ကိုရောက်လာခဲ့ပြီး စာဖတ်သူတွေနဲ့ ခင်မင်ခွင့်ရတဲ့အတွက်ပါ အမြဲဝမ်းသာတယ်။ အမြဲလည်း ကျေးဇူးတင်တယ်။
စာရေးတာဟာ မမွန် ၀ါသနာဆိုရင် စာဖတ်သူတွေကတော့ မမွန်အတွက် အမြဲကျေးဇူးတင် လေးစားနေရမယ့် သူတွေပါပဲ။ ဒီအချိန်တွေအတွက်၊ ဒီကာလအတွက်သာမဟုတ်ဘဲ အမြဲတမ်းအတွက် ကျေးဇူးတင်နေပါတယ်။
ချစ်တဲ့ မမွန်
12.07.2019
YOU ARE READING
ထာ၀ရ ပုံပေ