Chapter 2

2.7K 201 2
                                    

"အကို...အကို..."

အကိုဟုခေါ်၍ Boun ရဲ့လက်မောင်းတဖက်ကိုကိုင်လှုပ်ကာနှိုးနေသော Prem

"အကို.... ညနေ ၄နာရီရှိနေပြီဗျ....
ထတော့လေဗျာ...."

အိပ်ချင်နေရတဲ့အထဲ နှိုးတဲ့သူကလာနှိုးနေသည့်အတွက် Boun တယောက်စိတ်ထဲကနည်းနည်းဒေါသထွက်မိသွားကာ

"ဘာလဲကွာ....."

ဟုဆိုပြီး မိမိလက် ကိုကိုင်လှုပ်နေသော‌ Prem ရဲ့လက်ကိုပြန်ပြီး အားပါပါနှင့် ဆွဲလိုက်မိသည်။

Boun ရဲ့အိပ်ရာပေါ်သို့စွေ့ခနဲ့လဲကျသွားသော Prem တယောက်မှာ Boun ကိုယ်အောက်၌ရောက်ရှိကာ Boun တကိုယ်လုံးက Prem အားတက်ဖိထားသလိုဖြစ်နေလေသည်။

Boun ရဲ့နှုတ်ခမ်းနှင့် Prem ရဲ့နှုတ်ခမ်းတို့မှာ အနီးဆုံးအကွာအဝေးတွေရှိလျက်။တစ်ယောက်မျက်လုံးတစ်ယောက်မျက်တောင်မခတ်နိုင်အောင်စိုက်ကြည့်နေကြသဖြင့်နှစ်ယောက်အကြားအသက်ရှူနေရသောoxygenမှာမလောက်မငှ 🌚

Prem တစ်‌ယောက်အသက်ရှူကြပ်သလိုခံစားရပြီးရင်များဒုန်းဒိုင်းခုန်ကာလည်ပင်များပင်တုန်နေမိသည်။နဂိုကတည်းကစကားနည်းအေးဆေးသောကောင်ကလေးမှာ Boun ရဲ့အကြည့်များကိုအလွန်ပင်ကြောက်ရွံနေမိသည်မှာအမှန်ပင်။

ထို့‌ဖြစ်၍တောင်းပန်သည့်မျက်လုံးများနှင့်သနားစရာကောင်းအောင် Prem တစ်ယောက် Boun ကို ကြည့်နေမိလေသည်။စိတ်ထဲမှာတော့

"အကိုဗျ တောင်းပန်ပါတယ် လွှတ်ပါဗျာ" ဟု

ငိုသံပါပါနှင့်တောင်းပန်နေမိသည်။

Boun မှာတော့ တကိုယ်လုံးဖိထားသည့်အပြင် Prem ရဲ့လက်နှစ်ဖက်ကိုလည်မိမိရဲ့လက်များနှင့်ချုပ်နှောင်ထားမိသည်။ထို့နောက် မိမိဖိထားသော ကောင်လေးမှာလှုပ်လှုပ်ယွယွဖြစ်လာမှ

"မင်းဘာကြည့်တာလဲ"

Boun ရဲ့အမေး‌ကြောင့့် Prem တစ်ယောက်ကြောက်အားလန့်နအားနှင့်

"ဗျာ" ဟု တုံးတိကြီးထူးကာ မိမိအကြည့်များကို Boun မျက်နှာဆီမှခွာကာ ဘေးနံရံသို့ကြည့်ပြီးတုန်ရီစွာနှင့်ပင်

Back To You Where stories live. Discover now