အဖေက အတင်းခေါ်လို့သာလိုက်လာရသည်။
စိတ်ကတော့မပါ။မလိုက်ဘူးပြောရင်
အထိုးခံရရုံဘဲရှိတော့သည်။အရင်က ဆို
"သားသဘော သားသဘော "
ဆိုတဲ့အဖေက
"ဘာမှမကြားချင်ဘူး ဘာမှလာမပြောနဲ့
ငါပြောသလိုလုပ် အဲကောင်လေကိုဘဲယူရမယ်"တဲ့လား။
ကျွန်တော့်မှာနှစ်နဲ့ချီပြီးစောင့်ခဲ့ရတဲ့ Prem.
ဒီတစ်ခါတော့လက်မလွှတ်တော့ဘူး
ဆွဲထားလိုက်တော့မယ်ဟုကြံကာမှ
မထင်မှတ်ထားတဲ့ပြသနာကြီးဖြစ်လာပြန်ပြီ။နှစ်ထပ်တိုက်လေးတစ်လုံး
ခြံကအတော်လေးကျယ်၀န်းလှသည်။
သစ်ပင်ပန်းပင်တို့ဖြင့် နေချင်စရာတော့
အတော်ကောင်းလှ၏။အဖေရယ်အမေရယ်ကျွန်တော်ရယ်
သုံးယောက်သား စီးလာတဲ့ ကားလေးက
အဲခြံလေးအတွင်းသို့ရောက်လာခဲ့သည်။"မဆင်းဘူး ကားထဲမှာနေခဲ့မယ်"
ကျွန်တော်ပေကပ်ကပ်လုပ်နေသဖြင့်
"မရဘူးဆင်း ငါ့မျက်နှာမရောင်းစားနဲ့"
အဖေကအတော်လေးစိတ်ဆိုးနေသည်။
စိတ်ဆိုးလည်းမတတ်နိုင်ဘူးလေ။
ကျွန်တော်မှမယူချင်တာ။"သားရယ် သေချာကြည့်ပြီးမှဆုံးဖြတ်လိုက်။
သားမကြိုက်ရင်မပေးစားပါဘူး။
နော် ဆင်းပြီးတော့စကားလေးဘာလေး
ပြောရဦးမယ်လေ။ လူမှုရေးဆိုတာရှိသေးတယ်"အမေက ချော့မော့ပြောတော့
ကျွန်တော်လည်းဆင်းလိုက်သည်။အရှေ့ဆက်မသွားဘဲကားနာမှာ
ပေကပ်ပေကပ်လုပ်ကာ အိမ်တံခါးကို
နောက်ကျောခိုင်းထားလိုက်သည်။အဖေ့သူငယ်ချင်းဆိုတဲ့ဦးလေးက
"ဘယ်မလဲ မင်းသားက "
မေးလိုက်တော့ အဖေက
ကျွန်တော့်ကိုလှမ်းခေါ်လိုက်သည်။"သား လာလေ။
သူရှက်နေလို့နေမှာ ""အဖေ ကျွန်တော်မရှက်ဘူး
အိမ်ထောင်မပြုချင်လို့ အိမ်ထောင်မပြုချင်လို့"စိတ်ဆိုးနတဲ့အသံမျိုးနဲ့ ပြောကာ
အဖေ့ဖက်လှည့်လိုက်တော့
တကယ့်ကိုမထင်ထားတာတဲ့
မြင်ကွင်းကြီးမြင်လိုက်ရတယ်။
YOU ARE READING
Back To You
RomanceThis is BounPrem fan fiction. Boun Noppanut and Prem Warut are not only medical students but also roommate. Prem is first year and Boun is his senior from the third year. A love story between these two boys.