ညကတညလုံးဂိမ်းဆော့ပြီးလောင်ထားသဖြင့်မနက်ငါးနာရီလောက်မှအိပ်ဖြစ်သည့် Boun တယောက် မနက်8နာရီတွင် အဆောင်မှူးရဲ့တံခါးခေါက်သံကြောင့် ရုတ်တရက်ကြီးလန့်နိုးခဲ့သည်။အိပ်ချင်မူးတူးနှင့်တံခါးကိုဆွဲဖွင့်ရင်း
"Boun.....မနက်ဖြန်မင်းအခန်းဖော်ရောက်လာလိမ့်မယ်အဲတာအခန်းထဲရှင်းစရာရှိတာတွေရှင်းပေးထားဦးနော်။မနက်ပိုင်းလောက်လာလိမ့်မယ်ထင်တာဘဲ"
"ဟုတ်ကဲ့ ဗျ"
ဟု ဖြေကာ တံခါးပိတ်ပြီး ကုတင်ပေါ်ပြန်ထိုင်ကာ
"ဟူး"
ဟုသက်ပြင်းတစ်ချက်ချလိုက်ပြီးအိပ်ရေးမ၀သည့်ကြားကပင်သန့်ရှင်းရေးကလဲထပ်လုပ်ရမယ်ဟုစိတ်တွေညစ်ကာမျက်နှာကြီးစူပုတ်ပြီးတစ်ယောက်တည်းပွစိပွစိလုပ်နေလေသည်။
Boun ဆိုတဲ့ကောင်လေးက အသားဖြူဖြူ အရပ်မြင့်မြင့် ပန်းနုရောင်နှုတ်ခမ်းပါးလေးဖြင့် ဆံပင်ကာလာမှာမီးခိုမကျအဖြူမကျအရောင်လေးဆိုးထားသည်။
မိသားစု၌တစ်ခုတည်းသောသား မိဘများမှာစားသောက်ကုန်လုပ်ငန်းပိုင်ရှင်ကြီးများဖြစ်ပြီးတဦးတည်းသောသားလေး Boun ကိုလိုလေသေးမသိထားကြလေသည်။
အခုလည်းကွန်ဒိုဝယ်ပေးထားပါလျက်နဲ့အဆောင်မှာနေချင်သည်ဟုပူဆာသဖြင့်ကျောင်းနဲ့နီးတဲ့အဆောင်မှာနေနေပြန်သည်။
ငယ်ငယ်ကတည်းကbrainကောင်းသောbounမှာ အခုဆေးကျောင်းတတိယနှစ်ပင်ရောက်နေလေပြီ။
ကျောင်းမှာတော့ စီနီယာ ဂျူနီယာ မေဂျာပေါင်းစုံကြား၌ Boun ကိုမသိသူသည်ခပ်ရှားရှားရယ်။သူ့ကိုမြင်လိုက်လို့မချောဘူးပြောသူမရှိဘူးဟူ၍ပင်ပြောနိုင်ပေသည်။
Boun ငှားနေတဲ့အဆောင်အခန်းကနှစ်ယောက်ခန်း။အဆောင်ကသန့်လည်းသန့်သည်။ကျောင်းနှင့်လည်းနီးသည်။ရေချိုးခန်း အိမ်သာ ရေခဲသေတ္တာ အဲကွန်းအကုန်ပါသဖြင့်တိုက်ခန်းလိုပင်ဖြစ်နေသည်။အခန်းအရှေ့တွင်လသာဆောင်လေးပင်ပါသေးသည်။
KAMU SEDANG MEMBACA
Back To You
RomansaThis is BounPrem fan fiction. Boun Noppanut and Prem Warut are not only medical students but also roommate. Prem is first year and Boun is his senior from the third year. A love story between these two boys.