Chpter27🔞🔞🔞

1.6K 111 0
                                    

ခန်းမထဲလူတွေစုံနေပါပြီ။
ကျွန်တော့်ရဲ့အကို Boun တစ်ယောက်ကတော့
အရင်တုန်းကထက် ခန့်လို့ သန့်လို့။

အဖြူရောင်သတို့သား၀တ်စုံလေးနဲ့
မှန်ရှေ့မှာ ရပ်ကာ ဆံပင်အားသတ်နေသည်။

ဖုန်းကိုကြည့်ရင်း
‌မျက်စောင်းလေးနဲ့အကို့ကို‌ခိုးကြည့်လိုက်တော့
အကြည့်များက အကို့ဆီကနေ ရုန်းထွက်လို့မရ။

"ဘာကြည့်တာဘဲ ကလေး"

အ‌ကို့အမေးကို

"ကျွန်တော့်ရဲ့သတို့သားလေးကဒီနေ့
အရင်ကထက်ပိုကြည့်ကောင်းနေတယ်ဗျာ"

အကိုက ကျွန်တော့်စကားကိုသဘောကျသွားဟန်ဖြင့်
အင်္ကျီကိုပြင်လိုက်ကာမှန်ထဲကနေကြည့်ပြီး

"အဲတော့"

ဟင်ဘယ်လိုကြီးမေးနေမှန်းမသိဘူး။

"ဘာဖြစ်လဲမကျေနပ်ဘူးလား "

စိတ်ဆိုးပြီး အ၀တ်လဲခန်းထဲမှ
ထွက်သွားဖို့ပြင်လိုက်တော့
အကိုကအနောက်ကနေသိုင်းဖက်ကာ
ကျွန်တော့်ပခုံးပေါ်မေးတင်လိုက်ပြီး

"စတာပါဗျာ ကို့သတို့သားလေးက
ပိုကြည့်ကောင်းတာပါနော်"

အကို့စကားကိုကျေနပ်ပေမယ့်
စိတ်ဆိုးတဲ့ပုံတော့လုပ်ပြရဦးမယ်။

မာမားနှစ်ယောက်စလုံးကမှာထားတယ်
ယောက်ျားကိုအလျှော့မပေးဖို့။

"ဘာလဲ မသိဘူး လာမပြောနဲ့"

"ဟောဗျာ စိတ်ဆိုးနေတယ်"

"ဘယ်သူစိတ်ဆိုးနေလို့လဲ
သွားတော့ မခေါ်ဘူး"

"အကိုသွားရင် ဘယ်သူနဲ့မင်္ဂလာဆောင်မှာလဲ"

"တစ်ယောက်တည်းဆောင်မှာပေါ့"

ကျွန်တော့်အဖြေကို အကို Boun က

"ဟားဟားဟား အရူးလေးကွာ
ဒီ ၀က်ပေါက်က"

ဟုပြောပြီး ပါးကိုလာဆွဲသည်။

"ဟာအကိုနော် မိတ်ကပ်ပျက်ကုန်မယ်"

"ဟော ပဲကလည်းများသေး။
ဒို့ဖက်တီးကတော့ မနိုင်စိန်"

"အကိုများတာလေ ကျွန်တော်ကချောပြီးသား"

"ဟုတ်ပါတယ် ဒီက ၀က်ကလေးကပိုချောတာပါ"

Back To You Donde viven las historias. Descúbrelo ahora