Chpter21

1.3K 117 2
                                    

အစည်းဝေးခန်းမထဲ၌
ရှယ်ရာရှင်များ စုံစုံလင်လင်ရှိနေသည်။

တစ်လတစ်ခါရှယ်ရာရှင်အစည်းဝေးလုပ်ပေမယ့်
ဒီတစ်ခါတော့အရင်အရင်အစည်းအဝေး‌များထက်
ပိုပြီး စုံလင်နေသည်။

"Asia Star စားသောက်ကုန်လုပ်ငန်းစုရဲ့
လပတ် အစည်းအဝေးကို ဒီနေရာမှာဘဲ
အဆုံးသတ်ကြရအောင် ခင်မျာ"

Boun ရဲ့အဖေ စားသောက်ကုန်လုပ်ငန်းတစ်ခုလုံးရဲ့
ဥက္ကဌက အပိတ်စကားပြောလိုက်တော့
ရှယ်ရာရှင်များက‌လက်ခုတ်တီးလျက်။

"ဟော သူငယ်ချင်း မတွေ့ရတာကြာပြီ"

တစ်ဖက်မှနှုတ်ဆက်စကားဆိုလိုက်တော့

"အေးကွာ ဒီအတောတွင်း
family case လေးနဲနဲပါးပါးရှိနေလို့။
ဒီကြားထဲရှယ်ရာရှင်တွေကအုပ်စုတွေကွဲ"

"ကော်ဖီ သွားသောက်ရင်း
စကားပြောကြတာပေါ့ လာသွားမယ်"

အနောက်တိုင်း၀တ်စုံနဲ့ခန့်ညားနေတဲ့
အမျိုးသားနှစ်ယောက်သည်း
တစ်ယောက်ကိုတစ်ယောက် ပခုံးဖက်လျက်
စကားစမြည်ပြောရင်း
ကော်ဖီဆိုင်တစ်ဆိုင် အတွင်း၀င်လာကြသည်။

"ဘာကိစ္စတွေဖြစ်နေတာလဲ"

"ငါ့သားလေး ယာဉ်မတော်တဆဖြစ်ပြီး
ဆေးရုံမှာ ကိုမာ ဖြစ်နေတာ ကွာ။
သားကလည်းဒီတစ်ယောက်ဘဲရှိတော့
ငါ့‌မိန်းမလည်းတနေ့တနေ့
စိတ်မကောင်းတွေဖြစ်နေရတယ်။
ဒီတစ်သက်တော့မြေးချီရဦးမလားမသိပါဘူးကွာ"

စကားအဆုံး ကော်ဖီ တစ်ငုံစာလောက်သောက်ကာ
သက်ပျင်းတစ်ချက်ချလိုက်သည်။

"ပြန်ကောင်းဖို့ ရာခိုင်နှုန်းရော"

"၅၀/၅ဝ"

"အဲတာ အခွင့်အရေးရှိပါသေးတယ်
အဲလောက်လည်းစိတ်မညစ်နဲ့။
မင်းမြေးချီရဦးမှာပါ"

အားပေးစကားကြောင့် ပြုံးယောင်ယောင်လေး
ပြုံးလိုက်ပြီး စိတ်ညစ်စရာတစ်ခုအား
ထပ်ပြောလိုက်သည်။

"ရှယ်ရာရှင်တွေကလည်း မန်နေဂျင်းပြန်ရွေးမယ်
ဘာညာ နဲ့ အုပ်စုတွေကလည်းကွဲလို့။
အဆင်မပြေပါဘူးကွာ"

Back To You Onde histórias criam vida. Descubra agora