"အကိုလာကြည့်ဦး"
အပြင်မှာရှိနေတဲ့ Prem ကအော်ခေါ်နေတော့
"ဘာ ကိစ္စလဲ Prem"
"လာကြည့်ပါဆို"သူအသဲအသန်ခေါ်နေတော့
အိမ်သာထဲကနေကိစ္စအမြန်ရှင်းပြီး
ထွက်လာကြည့်မိသည်။"ဘယ်မှာလဲ ဘာဖြစ်တာလဲ"
"ဒီမှာကြည့် ကျွန်တော့်ကိုနှစ်ယောက်စလုံးနမ်းတယ်"ခုနကမှ၀ယ်လာသည့်
ခွေးပေါက်လေးနှစ်ကောင်က
သူ့ကိုနမ်းတာကိုအရမ်းတွေပျော်နေပြီး
အသည်းအသန်လှမ်းခေါ်နေခြင်းဖြစ်သည်။"ဘာများလဲလို့ Prem ရာ"
ကောင်လေးကကျွန်တော့်ကိုမကြည့်ဘဲ
ခွေးနှစ်ကောင်ကိုသာချီလိုက်ချလိုက်လုပ်နေပြီး"ကြည့်ပါဦး ဒီကလေးလေးက
အကို Boun နဲ့ အတူတူဘဲ"သူက ပြုံးလို့ရွှင်လို့ ခွေးပေါက်ကလေးကိုချီကာ
ကျွန်တော့်ကိုလာပြနေသည်။"ဟာကွာ ဘယ်နားမှာတူလို့လဲ"
"ဒီမှာကြည့်လေ အကို့လိုဘဲ အဝါရောင်လေး"
သူပြောချင်တာက
ဆံပင်အဝါရောင်ဆိုးထားတဲ့
ကျွန်တော့်ဆံပင်နဲ့တူတယ်ပြောတာ။ကျွန်တော်ဘာမှပြန်မပြောဘဲ
ကုတင်ကိုမှီကာကြမ်းပြင်ပေါ်ထိုင်နေတဲ့
ကောင်လေးရဲ့ခေါင်းကို
ကုတင်ပေါ်ကနေပွတ်သတ်ပေးလိုက်သည်။"နာမည်ပေးမယ်
ဒီကလေးနှစ်ယောက်ကို""Prem1 နဲ့ Prem2 လို့ပေးလိုက်"
ကျွန်တော့်စကားကြောင့်
အောက်မှာထိုင်နေတဲ့အကောင်ပေါက်လေးက
ကျွန်တော့်ဖက်ကိုကြည့်ကာ
မျက်စောင်းလာထိုးပြီး
နှုတ်ခမ်းစူကာ"ဟွန့် "
ဟုတစ်ချက် နှာခေါင်းရှုံ့လိုက်သည်။
"အကို Boun နဲ့ တူတဲ့အကောင်ကို
ဘောင်ဘောင်း လို့ပေးမယ်
ဟီး မိုက်တယ်
ဘောင်ဘောင်း"သူ့ဟာသူပေးပြီးကျေနပ်နေရှာသည်။
သူပျော်နေတော့စိတ်ထဲတမျိုးလေးဘဲ
အရမ်းကျေနပ်သလိုခံစားရတယ်။အပြင်မသွားခင်တုန်းကနဲ့တစ်ခြားစီ။
"အဲဆို သူကဘောင်ဘောင်းဆိုရင်
Prem ရဲ့ခွေးကို ဘင်ဘင်း လို့ပေး"

VOUS LISEZ
Back To You
Roman d'amourThis is BounPrem fan fiction. Boun Noppanut and Prem Warut are not only medical students but also roommate. Prem is first year and Boun is his senior from the third year. A love story between these two boys.