Chapter 4🔞🔞🔞

2.7K 166 2
                                    

ညနေခင်းအချိန်လေး အပြင်မှာလေတွေအရမ်းတိုက်ခတ်နေသည်။ တိုးဝှေ့လာသောလေနုအေးများကြောင့် ချမ်းစိမ့်စိမ့် ခံစားလိုက်မိသည်။

၀န်ရံတာမှာကျွန်တော်တစ်ယောက်တည်း မိုးမရွာမီပတ်၀န်းကျင်အခြေအနေအားခံစားရင်း

"မိုရွာတော့မယ်ထင်တယ်"

အကို Boun စကားကြောင့်

"ကောင်းတာပေါ့ မိုးရွာတာကျွန်တော်ကြိုက်တယ်"

"မင်း က အအေးဒဏ်ကိုခံနိုင်လို့လား"

"မခံနိုင်ရင် ပြတင်းပေါက်တွေပိတ်ထားမှာပေါ့"

ကျွန်တော်၀န်ရံတာကနေလှမ်းပြောရင်း

"ဂျိန်း......" အသံနှင့်ရုတ်တရက်ဆိုသလိုလျှပ်စီးနှင့်အတူမိုးများချိန်းလာပြီ

ကျွန်တော်မိုးချိန်းသံအရမ်းကြောက်တယ် မိုးချိန်းသံကြားရင်အရမ်းလည်းအားငယ်တယ် ကျွန်တော်အလျှင်အမြန်ဘဲအခန်းထဲပြေး၀င်လိုက်ကာ ပြတင်းပေါက်တောင်မပိတ်ဘဲကုတင်ပေါ်၌ မှောက်ရက်ကြီးငိုချမိလိုက်သည်။

"ကလေး မင်းဘာဖြစ်တာလဲ" ဟုမေးကာကျွန်တော့်ကုတင်ဘေး၌၀င်ထိုင်ပြီးခေါင်းများကိုပွတ်သတ်ပေးနေသူမှာ အကို Boun

"ဂျိန်း ........" ဟူသောအသံနှင့်အတူပြတင်းပေါက်နှင့်နံရံမှာလေကြောင့် ရိုက်ခတ်မိသဖြင့် အပြင်မှ လျှပ်စီးများကိုတိုက်ရိုက်ကြီးလှမ်းမြင်နေရသည်။

"ကျွန်တော်ကြောက်တယ် အာ့ ဟီးဟီး...."

မရတော့ဘူး ကျွန်တော်တကယ်ကို အရမ်း၀မ်းနည်းနေပြီ

ထိုစဉ်အကို က ပြတင်းပေါက်ပိတ်ကာ လိုက်ကာလဲချပေးလိုက်သည်။ ပီးရင်ကျွန်တော့်ဘေးလာထိုက်ကာ ကျွန်တော့်တကိုယ်လုံးကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး

"မကြောက်နဲ့တော့နော် အကိုရှိတယ်"

သူ့ရင်ခွင်ထဲမှာကျွန်တော်အရမ်းငိုနေမိတယ်

"မငိုပါနဲ့နော်ကလေး အကိုရှိတယ်"

ကျွန်တော် ခေါင်းငုံ့ရင်းရှိုက်နေမိသည်။အကိုBounကျွန်တော့်ခေါင်းလေးကို နမ်းနေသလိုခံရသည်။ကျွန်တော်အပေါ်မော့ကြည့်လိုက်တော့ အကိုကကျွန်တော့မျက်လုံးတွေကိုစိုက်ကြည့်နေတယ်။အကြည့်များရန့်တန့်မသွားဘဲ

Back To You Where stories live. Discover now