Chapter 11

1.3K 137 0
                                    

ဒီနေ့ကျောင်းရောက်ပြီးကတည်းက
ကွန်တော်သိပ်အဆင်မပြေ။
ခေါင်းကိုက်သလိုလိုခေါင်းမူးသလိုလို
ရင်တုန်ပြီးခြေဖျားလက်ဖျားများ
အေးစက်နေသဖြင့်တက္ကသိုလ်ရဲ့‌
ဆေးပေးခန်းမှာကျွန်တော်လာလှဲနေမိသည်။

နေမကောင်းတဲ့ကျောင်းသားမရှိလို့ထင်ပါရဲ့
တိတ်လို့ဆိတ်လို့။တိတ်ဆိတ်နေရင်
အတွေးများလည်းဟိုးအဝေးကိုပျံထွက်ဖို့
လွယ်ကူနေတာပေါ့။

ကျွန်တော်မှတ်မိသွားပါပြီ။အကို့ကိုကျွန်တော်
Heat တက်နေတုန်းအမျိုးမျိုးတောင်းဆိုခဲ့မိတာ။
အကိုကကျွန်တော့်ကိုညီတစ်ယောက်လိုချစ်တော့
အကုန်လုံးလုပ်ပေးမှာပေါ့လေ။အတွေးလွန်တာက
ကျွန်တော်ပါ။

ဘာကြောင့်မှန်းမသိပါဘူးဗျာ။
အဲအကြောင်းတွေတွေးလိုက်တိုင်း
မျက်ရည်ကအလိုလိုကျလာပြီးသား။

ဟိုနေ့ကမားဆီကဖုန်းလာတယ်။
ထိုင်းမှာရှိတဲ့ဆိုင်ကလွဲရင်ကျန်ဆိုင်ခွဲတွေအကုန်
မားကရောင်းပစ်လိုက်ပြီတဲ့လေ။

ရလာသမျှပိုက်ဆံရဲ့တစ်၀က်ကို
စားသောက်ကုန်လုပ်ငန်းတစ်ခုမှာ
ရှယ်ယာထည့်ပြီးကျန်တဲ့ပိုက်ဆံ
အကုန်လုံးကိုဘဏ်မှာစုထားတယ်တဲ့။

ပါးကလည်းပင်စင်ယူလိုက်ပြီ။
အခုပါးနဲ့မားက ထိုင်းပြန်ရောက်နေတော့
ကျွန်တော့်ကိုအိမ်မှာပြန်လာနေစေချင်တယ်တဲ့လေ။
ကျံန်တော် အကို Boun ကိုလည်းမခွဲနိုင်။
ဘယ်လိုများပြောပြီးအိမ်ပြန်ရမလဲ။

‌မားတို့ဖက်ကတွေးရင်လည်မှန်ပါတယ်။
အလုပ်ထဲဘဲအာရုံရောက်နေလို့
ကျွန်တော်နဲ့နေဖို့အချိန်မရှိခဲ့ဘူး။
အဲတာကြောင့်တစ်မိသားစုလုံး
အတူတူနေဖို့ကျွန်တော့်ကို
အိမ်ပြန်လာစေချင်နေကြတာလေ။
.............................................................................
Prem တစ်ယောက်အတွေးပေါင်းစုံနှင့်
သောကများနေစဉ်အခန်းထဲ
ကောင်လေးတစ်‌ယောက်၀င်လာကာ
ကျွန်တော်နှင့်ဘေးချင်းကပ်ရပ်ကုတင်ဘေး၌
၀င်လှဲလိုက်ကာ သူ့ဖက်ကစပြီးစကားပြောလိုက်ပါသည်။

လက်နှစ်ဖက်ကို ယှက်ပြီးရင်ဖတ်ပေါ်တင်ကာ
မျက်နှာကျက်ဆီဦးတည်နေသော ဒီလူ က

Back To You Where stories live. Discover now