"prem စားပြီးရင်ဆေးသောက်ရမယ်နော်"
ကျွန်တော့်စကားကြောင့် ကောင်ငယ်လေးမှာ
နှုတ်ခမ်းလေးစူ မျက်ခုံးလေးတွန့်သွားပြီး
ကျွန်တော့်ကိုမကျေမနပ်နဲ့ကြည့်ကာ"မသောက်တော့ဘူး အကိုနော်
ရတယ်မလား "အဲဗျာ ဘယ်လိုလာပြောနေတာလဲ
အရမ်းတွေချစ်ဖို့ကောင်းနေပါပြီ။
ချစ်တယ်ဆိုတာကို၀န်ခံချင်ပေမယ့်
မင်းကိုယ့်စိတ်ရင်းအမှန်တွေကိုသိသွားရင်
ကိုယ်တို့နှစ်ယောက်ကြားကဆက်ဆံရေးလေး
ပျက်စီးသွားမှာအရမ်းစိုးရိမ်တယ်။"အင်း "
ကျွန်တော်ခေါင်းငြိမ့်ပြတော့
"ဒါဘဲလေ ဒီကောင်လေးက
နေကောင်းနေပြီဘဲဟာကို "သူ့ဟာသူချီးမွမ်းနေသော မောင်ပေါက်စီလေး။
Ph ringtone 🎵🎶
"Hello မား"
Prem အမေဆီကဖုန်းဖြစ်သည်။
ကျွန်တော်ဘေးမှာရှိနေတော့
၀န်ရံတာကိုထွက်ပြီးဖုန်းဆက်ပြောနေသည်။
အချင်းချင်းတွေကိုရှက်နေပြန်ပြီ။၁နာရီလောက်ကြာမှ အခန်းထဲပြန်၀င်လာကာ
ကုတင်ပေါ်သို့တက်ပြီး ဖုန်းကိုဟိုဆွဲဒီဆွဲလုပ်နေသဖြင့်"Prem မင်းအိမ်ကဖုန်းလာတာလား"
"အင်း...."
ကျွန်တော့်အမေးကိုတစ်ခွန်းတည်းသာပြန်ဖြေသည်။
Prem တစ်ယောက် ကျွန်တော်ပေးထားတဲ့ Lay's အာလူးကြော်တစ်ထုတ်အားဖောက်ပြီးတကျွတ်ကျွတ်နဲ့စားကာ စကားစပြောလိုက်သည်။
"အကို ခွေးချစ်တတ်လား"
"ခွေးမှမဟုတ်ဘူး ငါက အကုန်ချစ်တယ်"
"ခွေးလေးတစ်ကောင်လောက်
မွေးရင်ကောင်းမလားလို့ "Prem က နံရံကိုမှီကာ ကုတင်ပေါ်၌လှဲနေသောကျွန်တော့်ကို သူ့ဆန္ဒအားသဘောတူပေးရန် တောင်းဆိုသည့်အကြည့်မျိုးနှင့်ကြည့်လိုက်သည်။
တကယ်ပါဗျာ.....အဲလိုမျိုးကြီးသူကြည့်လာရင်
ကျွန်တော်လုံး၀မခံနိုင်ဘူး။သူလိုတာအကုန်ဘဲလုပ်ပေးလိုက်ချင်မိတယ်။
YOU ARE READING
Back To You
RomanceThis is BounPrem fan fiction. Boun Noppanut and Prem Warut are not only medical students but also roommate. Prem is first year and Boun is his senior from the third year. A love story between these two boys.