Chapter23 Zawgyi

422 38 0
                                    

လွန်ခဲ့သော ၆ နှစ်ခန့်က ❣️

နှစ်ယောက်သားလူနာအခန်းထဲ၌
ကုတင်ပေါ်တွင်ထိုင်ကာ
ကောင်လေးအိပ်ပျော်နေတုန်း
လွမ်းရတဲ့အကြောင်းတွေကို
လက်ကလေးကိုင်ကာ အလွမ်းသည်နေတုန်း။

တံခါးကရုတ်တရက်ပွင့်လာပြီး
Prem မိဘနှစ်ပါးက ကုတင်‌ဆီပြေးလာကာ
သူတို့ရဲ့တစ်ဦးတည်းသောဝက်ကလေးကို
ဖက်ကာငိုလျက်။ဝမ်းသာလွန်းလို့ကျတဲ့
မိဘမျက်ရည်။

Prem အဖေက သူ့သားလေးအနားခဏနေပြီး
အပြင်ထွက်သွားကာ ဖုန်းသွားပြောနေခဲ့သည်။
....................................................................
Prem လည်းနေကောင်းတော့
သူသွားချင်တဲ့နေရာအကုန်လိုက်ပို့ကာ
တစ်ပတ်ကျော်ကျော်လောက်အထိ
နှစ်ယောက်သားကကြည်နူးနေခဲ့ကြသည်။

ဝက်ကလေးနဲ့အတူရှိနေတဲ့နေ့ရက်တိုင်းက
ရက်ရာဇာတွေပါ။သူနဲ့တွေ့ပြီးပြန်လာတိုင်း
စိတ်ကအလိုလိုပေါ့ပါးကာအရာရာတိုင်းက
အဆင်ပြေနေသည်မှာပုံသေနည်းတစ်ခုလိုပါဘဲ။

ခုန်လို့ပေါက်လို့အိမ်ထဲပြေးဝင်လာခဲ့မိစဉ်

အိမ်ထဲရောက်တော့ ဧည့်ခန်းထဲ၌
အဆင်သင့်ထိုင်စောင့်နေတဲ့ အဖေက

"Boun လာထိုင်ဦး"

ခါတိုင်းကျွန်တော်ပြန်လာရင်
အိမ်မှာရှိမနေတဲ့အဖေက
ဒီနေ့တော့ အဖေရောအမေပါ
ကျွန်တော့်ကိုထိုင်စောင့်ကာ
လာထိုင်ရန်ခေါ်လိုက်သဖြင့်
အရမ်းအံ့ဩနေမိသည်။

အဖေ့ဘေး၌၀င်ထိုင်လိုက်တော့

"သားကိုအိမ်ထောင်ချပေးမလို့
အဖေတို့စီစဉ်ပြီးသွားပြီ။ "

"ဟာဗျာ အဖေလည်းသိသားနဲ့
ကျွန်တော်က Alpha လေ။
ဘယ်လိုမိန်းမယူလို့ရမှာလဲ"

ကျွန်တော် မျက်လုံးများ ကနာမငြိမ်နိုင်ဘဲ
အရှေ့ကျနေသောဆံပင်ကို
လက်နှင့်သပ်တင်ကာ
‌သဘောမတူကြောင်းအမူမရာဖြင့်
ပြောပြလိုက်တော့

"ငါမင်းကို မိန်းမပေးစားမယ်ပြောလို့လား
ယောက်ျားပေးစားမယ်ပြောနေတာ။
မင်းအမေလည်းအဲကလေးကိုသဘောကျတယ်။
ငါတို့မိဘတွေစီစဉ်ပြီးပြီ။
မင်းမငြင်းရဘူး။ ပြီးရင်အဖေတို့ရဲ့
စားသောက်ကုန်လုပ်ငန်းတစ်ခုလုံးရဲ့အနာဂတ်က
မင်းတို့အပေါ်မှာမူတည်နေတယ်"

"ဟာ အဖေနော် မရဘူးဗျ။
စီးပွားရေးအတွက်သားကိုတော့အသုံးမချနဲ့။
ပြီရင်လည်းသား အိမိထောင်မပြုချင်ဘူး။
သားလွတ်လွတ်လပ်လပ်နေဦးမယ်"

ကျွန်တော့်စကားကြောင့်
အမေက မနေနိုင်မထိုင်နိုင်ဖြစ်ပြီး

"သားရယ် အမေတို့မြေးချီချင်လှပြီ။
ယူလိုက်ပါနော် သားလည်းဘွဲ့ရတာဖြင့်ကြာလှပြီ
အခုထိအမေတို့ မြေးမချီရသေးဘူး"

"အမေနော် မဖြစ်ဘူး သားယူလို့မရဘူးဆို"

ကျွန်တော်အတင်းငြင်းနေတော့

"ဘာမရတာလဲ မင်းကယောက်ျားမယူရင်
မိန်းမလိုချင်လို့လား"

"ဟာဗျာ မဟုတ်ဘူး သားမချစ်ဘဲမယူချင်ဘူးဗျ"

ကျွန်တော်ဘယ်လိုဘဲငြင်းငြင်း
အဖေကတော့လက်မခံ။

"မနက်ဖြန် မိသားစု တွေ့ဆုံပွဲ‌လုပ်မှာ
‌နေ့လည် ၁၁လောက် သူတို့အိမ်မှာသွားတွေ့ရမယ်။
အဲရောက်မှ အဲကောင်လေးကိုကြိုက်မကြိုက်
မင်းဟာမင်းဆုံးဖြတ်။
အဖေ့ကို အထွဋ် မတက်နဲ့"

အဖေကတော့သူပြောချင်ရာပြောပြီး
ထွက်သွားပါပြီ။ ကျွန်တော့်နဲ့အမေသာကျန်ခဲ့သည်။

"ကြားတယ်နော် အဖေပြောတာ
သူပြောသလိုလုပ်လိုက်
သားလေးအတွက်ဘဲအားလုံးက"

အမေလည်းသူပြောချင်ရာပြောကာထွက်သွားပါပြီ။

______________________________

Back To You Tempat cerita menjadi hidup. Temukan sekarang