Chpter22

1.3K 106 0
                                    

6နှစ်ခန့်ကြာသော် 🖤

အချိန်တွေကသာတဖြည်းဖြည်းသာကုန်လွန်ခဲ့တယ်။
Premဆိုတဲ့ကောင်လေးအပေါ်ထားခဲ့တဲ့
ချစ်ချင်းမေတ္တာနဲ့သစ္စာတရားတို့ကလွဲရင်
အရာရာတိုင်းကပြောင်းလဲခဲ့ပါပြီ။

ဒါပေမယ့်လည်း အခုကျွန်တော်က
လူပျိုလူလွတ်တစ်ယောက်မဟုတ်တော့ဘူး။
အိမ်ထောင်ရှိသလို အမွှာ‌သားလေးနှစ်ယောက်လည်းရှိနေခဲ့ပါပြီ။

ကျွန်တော်လည်းရင့်ကျက်လို့
အခုဆို အဖေ ရှယ်ယာ၀င်ထားတဲ့
ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ
နှလုံးအထုကုတစ်ယောက်ဖြစ်နေပါပြီ။

အသက်ကလည်း29 ကျော်လို့
သုံးဆယ်ပင်ပြည့်ပါတော့မည်။

ဒီနေ့ ကျွန်တော့်သားလေး

AJ နဲ့ JJ ရဲ့ ငါးနှစ်ပြည့်မွေးနေ့။
အိမ်စောစောပြန်ရန်မှာလိုက်သော
ကလေးနှစ်ယောက်ရဲ့မာတာမိခင်စကားကြောင့်
အလုပ်များကိုမြန်မြန်ဆန်ဆန်ပင်
လက်စသတ်လိုက်မိသည်။

ကလေးနှစ်ယောက်ရဲ့
နှစ်ဖက်က ဖိုးဖိုးဖွားဖွားတွေအကုန်
လာမည်ဆိုတော့ မိဘတွေကိုလွမ်းနေတာနဲ့
အတော်ဖြစ်နေသည်။

ပစ္စည်းတွေသိမ်းပြီးထပြန်ရန်ပြင်ဆင်လိုက်တော့

"ဘယ့်နှယ့်လဲဆရာ ပြန်တော့မလို့လား"

တံခါးအ၀မှ ဆေးရုံအုပ်ရဲ့အမေးကြောင့်

"အလုပ်လေးလေလက်စသတ်ပြီးတာနဲ့
ပြန်တော့မလို့ဆရာရေ။ အိမ်က အမွှာနှစ်ယောက်
ငါးနှစ်ပြည့်မွေးနေ့ပါတီလေးလုပ်မလို့ဆိုတော့
သူတို့ရဲ့မွေးကျေးဇူးရှင်ကြီးက စောစောပြန်ခဲ့ဖို့
မှာလိုက်တယ်လေ။ "

"မိန်းမကိုကြောက်တယ်ဆိုပါတော့"

"ဟာဆရာကလဲ"

"ဘာလဲမကြောက်ဘူးပေါ့
ဖုန်းဆက်လိုက်ရမလား"

"စတာပါဆရာရယ်
ကြောက်ပါတယ် "

စကားလက်စလေးဖြတ်ပြီး
ကားလေးကိုအိမ်သို့အပြေးနှင်လာလိုက်သည်။

အပေါက်၀၌ သားနှစ်ယောက်ကစောင့်လျက်

"ပါပါး‌နောက်ကျတယ်
မာမားက အထဲမ၀င်နဲ့တဲ့"

Back To You Where stories live. Discover now