Chpter17🔞🔞🔞

1.6K 125 0
                                    

အကို့ အနား ဘယ်တော့မှပြန်မလာဘူး။
ကျွန်တော်ကတိပေးတယ်။
အကိုမလိုချင်မှန်းသိလျက်နဲ့
အချစ်တွေ အနမ်းတွေပေးနေမိတယ်။

အကိုနဲ့အဝေးကြီးမှာနေမယ်။
အကိုမရှိတဲ့အနာဂတ်မှာရှင်သန်မယ်။

Heat တက်နေတုန်းလုပ်ပေးခဲ့သမျှကိုတော့
ကျေးဇူးတင်ပါတယ်။

"Prem အိမ်ပြန်လာတာလား"

မားက ၀မ်းသာအားရပြောလိုက်တော့
ပါပါးကကျွန်တော့်ဆီပြေးလာကာ
ပါးကိုရွှတ်ခနဲလာနမ်းသည်။

"လာလာ သား ထမင်းစားကြရအောင်"

"ငါ့သားလေးက အိမ်မှာပြန်လာနေတာလား"
"ဟုတ်တယ်ပါပါး
လွမ်းတာကို ပါပါးတို့က ပစ်ထားတယ်လေ"

"ဟာ ဗျာ မဟုတ်ပါဘူးနော်
အခု လူစုံနေပြီဘဲ
အိမ်မှာပြန်လာနေနော်"

"သား လန်ဒန်မှာ ပညာသွားသင်ချင်တယ်
ပါးစုံစမ်းပေးပါဦး "

"အရင်က ဘယ်မှမသွားချင်တဲ့သားက
အခုဘာဖြစ်တာလဲ"

"ဟိုမှာတက်တာပိုအဆင်ပြေမယ်ထင်လို့ပါ"

"စိတ်ချသားလေး တစ်ပါတ်အတွင်း
အကုန် စီစဉ်ပေးမယ်နော်"

"ရေး ဒါမှ ဒို့ပါပါး"
..........................................................
Boun❤️

အခန်းတံခါးမခေါက်ဘဲ
၀င်လာတဲ့ကောင်လေးတစ်ယောက်။
အခန်းထဲမှသူ့ပစ္စည်းများကို
လိုက်လံသိမ်းဆည်းနေသည်။

ကျွန်တော်ရေချိုးခန်းထဲမှ
မျက်နှာသုတ်ပဝါလေးပတ်ကာ
အပေါ်ပိုင်းဗလာကျင်းလေးနဲ့ထွက်လာတော့
ကောင်လေးကကျွန်တော့်အသံကြားရာဖက်ကို
တစ်ချက်ကြည့်လိုက်ပြီး
လုပ်စရာရှိတာဆက်လုပ်နေသည်။

"Prem "

ခေါ်နေပေမယ့်လည်းမထူး။

"Prem"

သူ့နောက်ကျောလေးကိုကိုင်ကာ
ခေါ်လိုက်တော့

"ဟူး" ဟုသက်ပျင်းတစ်ချက်ချကာ
ကြမ်းပြင်ပေါ်ထိုင်လျက်
ကျွန်တော့်ကို "ဘာပြောချင်သလဲ " ဆိုတဲ့သဘောနဲ့
မေးငေါ့ပြသည်။

"မင်း ဘာလုပ်တာလဲ ဟင်"

"ပစ္စည်းတွေထည့်နေတာမမြင်ဘူးလား"

Back To You Where stories live. Discover now