Chapter 9🔞🔞🔞

1.8K 146 0
                                    

ကျွန်တော်ဆေးရုံမှာဘဲဆရာ၀န်ရေးပေးလိုက်တဲ့ဆေးတွေကို၀ယ်လိုက်သည်။prem ကတော့စမ်းသတ်မှုခံယူနေတုန်း။ဆေးတွေကြည့်ရပုံကတော့သာမန်နေမကောင်းဖျားနာရင်သောက်သည့်ဆေးနှင့်မတူ။

ကျွန်တော်ဆရာ၀န်တစ်ယောက်မဖြစ်လာသေးပေမယ့်ဆရာ၀န်လောင်းတစ်ယောက်။နည်းနည်းပါးပါးတော့နားလည်ပါသည်။ဆေး၀ယ်ပြီးသည်နှင့်prem ဆီအမြန်ပြေးလာမိသည်။

ခုံတန်းလေးမှာထိုင်ပြီးမှိုင်နေသောကောင်ငယ်လေး။
ကြည့်ရပုံမျက်နှာလေးအတော်ချောင်ကျသွားသည်။
အရင်လိုပြုံးစိစိခပ်ဖြီးဖြီးနေတတ်တဲ့
ကောင်လေးတစ်ယောက်တော့
ဘယ်ဆီရောက်နေမှန်းမသိ။

Prem ကို ခပ်လှမ်းလှမ်းကနေကျွန်တော်ကြည့်နေမိသည်။သူအတော်လေးပင်ပန်းနေရှာမှာဘဲ။
သူ့ဆီလျှောက်သွားကာဘေး၌၀င်ထိုင်လိုက်ပြီး
ခေါင်းလေးကိုပွတ်သတ်ပေးလိုက်မိသည်။

"Prem အဆင်ပြေလား "

ကျွန်တော်မေးလိုက်တော့ မျက်နှာငယ်လေးနှင့်မျက်ရည်အဝိုင်းသားဖြင့် ခေါင်းခါသည်ဆိုရုံမှလေးနှင့်
ခေါင်းခါပြသည်။

"ဘာဖြစ်လို့လဲ Prem
အကို့ကိုပြောလေ"

"ကျွန်တော့်ကို ရွံ သွားမှာစိုးတယ်"

သူပြောရင်းမျက်နှာကိုလက်နှင့်တင်းတင်းအုပ်ကာငိုပါတော့သည်။

"Prem အကိုရှိတယ် မငိုနဲ့
အကိုမင်းကို မုန်းလည်းမမုန်းဘူးရွံလည်းမရွံဘူး
မင်းကအကို့အတွက်အကောင်းဆုံးဘဲ
မင်းကချစ်ဖို့အကောင်းဆုံးဘဲ"

ကျွန်တော်သူ့ကိုရင်ခွင်ထဲထည့်လိုက်ကာ
အားပေးနေမိသည်။ကျွန်တော်သတိထားမိသည်။
Prem ဆီက အနံ့တစ်ခု။ညကတည်းကအဲအနံ့ကျွန်တော်ခံစားနေမိတာ။ကျွန်တော်ဝေခွဲမရဘဲ
တွေးနေစဉ်

"အကို ကျွန်တော်က Omega
ဟီး ဟီး အီး .....ဗြဲ "

ပြောရင်းနဲ့ prem ငိုချလာပါတော့သည်။

"ကျွန်တော်ကြောက်တယ် အကို
မဖြစ်ချင်ဘူး ဒီလိုမျိုးကြီး"

ငိုရင်းပြောနေတဲ့ဒီကောင်လေးကို‌ကျွန်တော်
အတော်လေးသနားနေမိသည်။
ဒါပေမယ့်လည့် ကျွန်တော် Alpha

Back To You Where stories live. Discover now