S A S ep 1 🔞

69.7K 2.3K 92
                                    

Sugar and Spices

ခပ်ပါးပါးလေး Warning on ထားပါတယ်

Sugar and Spices Ep 1

"ခင်ဗျားက ဘာလို့ ကျွန်တော့်အကြောင်းတွေ အိမ်ကိုသွားတိုင်ရတာလဲ ပြော မကျေနပ်ရင် ကျွန်တော်နဲ့ရှင်းလေ ဘာလို့ အခြောက်ကြီးလိုမျိုး အိမ်ကိုပြန်တိုင်ရတာလဲ ဟမ်
ခင်ဗျား ယောကျာ်းမဟုတ်ဖူးလား"

ရှောင်းကျန့်ဆိုသူရဲ့ အကျီလည်ပင်းကိုဆောင့်ဆွဲပြီး ရိပေါ်မေးလိုက်ရာ ရှောင်းကျန့်ကလဲမရုန်းတာကြောင့်
ရုတ်တရက်နီးကပ်သွားသာ ခန္ဓာကိုယ်နှစ်ခုကြား အပူလှိုင်းတစ်မျိုး ဖြတ်ပြေးလို့သွားသည်။

နီးကပ်သွားအောင် စလုပ်လိုက်တဲ့သူက ရိပေါ်ဆိုပေမယ့် တစ်ဖက်လူရဲ့ အကြည့်ရဲရဲတွေကို ရင်မဆိုင်နိုင်သူကလဲ ရိပေါ်ပဲဖြစ်လေရဲ့။

လက်ရဲဇက်ရဲကောင်လေးရိပေါ် ဆက်ပြီး မရဲနိုင်တော့ပြီ။

ခြေလှမ်းတို့ကို နောက်သို့တစ်လှမ်းချင်းဆုတ်လေတော့ ရှောင်းကျန့်ကလဲ တစ်လှမ်းချင်းထပ်ချက်မကွာ ရှေ့တိုးလာသည်။

ဒီလူ ဒီလူ ငါ့ကိုဘာလုပ်မလို့လဲ။
ကျောပြင်ရဲ့အေးစက်စက် ထိတွေ့မှုမှာ ရိပေါ်သိလိုက်ပီ။ဒီထက်ပိုပြေးလို့မရနိုင်တော့ဘူး။

ရှောင်းကျန့်က ရိပေါ်နောက်က နံရံကိုလက်နဲ့ထောက်လိုက်တော့ တစ်ယောက်အသက်
ရှူထုတ်လိုက်တဲ့လေကိုတစ်ယောက်ခံစားသိရှိနိုင်သည်အထိ မျက်နှာနှစ်ခုနီးကပ်သွားသည်။

"ခင်ဗျား ... ခင်ဗျား ဘာလုပ်မလို့လဲ"

မေးလိုက်မိတဲ့ရိပေါ်အသံတွေတုန်နေမလားမသိ။ ရိပေါ်ကြောက်နေတာလား။

"ဘာလုပ်မယ်ထင်လဲ ... ဟင်"

လက်တစ်ဖက်ကနံရံကိုထောက်လျက်သား နောက်လက်တစ်ဖက်က ရိပေါ်မေးဖျားကိုပင့်မော့စေကာ ရှောင်းကျန့်ကမေးသည်။

မျက်လုံးချင်းဆုံကြတဲ့အခိုက် သတိမေ့မြောစွာ သူ့မျက်လုံးတွေကို စိုက်ကြည့်မိခဲ့သည်။ ဘယ်တုန်းကမှ သတိမမူမိခဲ့သော မျက်ဝန်းညိုညိုလှလှတွေ။

တဆိတ် .. စူးရှလွန်းတယ်။ ရိပေါ်လိုလူတောင် ရုန်းမထွက်နိုင်လောက်တဲ့အထိ ညှို့ငင်နိုင်စွမ်းရှိတယ်။

Sugar and Spices (Completed)Where stories live. Discover now