S A S - Ep 38 (Final)

23.2K 1.8K 286
                                    

Sugar and Spices Ep 38 (Final)

လက်ရှိအခြေအနေကို ရင်မဆိုင်နိုင်တဲ့ရှောင်းကျန့်ဟာ လက်ထဲမှာကိုင်ထားတဲ့ luggage ကိုဆွဲကာ .. ဓာတ်လှေကားဆီသို့ ခြေလှမ်းအပြီးမှာ ကျိုးချန် တလောတုန်းက ပြောခဲ့တဲ့စကားတွေကို နားထဲကြားယောင်လာမိတယ်။

~~အရေးကြီးဆုံးက နှစ်ယောက်ကြားမှာပွင့်လင်းဖို့ပဲ ကိုယ့်စိတ်ထဲမှာ ခံစားရသမျှကို သူ့ကိုရင်ဖွင့် ပြောပြပေး .. မကျေနပ်တာရှိရင်လဲထုတ်ပြော သိချင်တာရှိရင်ထုတ်ပေး .. တစ်ယောက်နဲ့တစ်ယောက် ထုတ်မပြောပဲ သိမ်းထားရတဲ့ခံစားချက်တွေများရင် ပြဿနာသေးသေးလေးတွေက ပိုဆိုးသွားတတ်တယ်~~

အဲဒီစကားတွေကပဲရှောင်းကျန့်ခြေလှမ်းတွေကို ရပ်တန့်သွားစေတယ်။

နောက်ဆုံး...နောက်ဆုံးအကြိမ်အနေနဲ့ဖြစ်ဖြစ် ... ရိပေါ်ရှေ့ကို တစ်ခါလောက် သူပြန်သွားသင့်တယ်မဟုတ်လား။

သူ့ကိုမမြင်လိုက်ရပဲ ကျောခိုင်းရမှာထက်စာရင် ... ဘယ်လိုပုံစံမျိုးနဲ့ဖြစ်ဖြစ် တစ်ကြိမ်တစ်ခါလောက်တော့ ရှောင်းကျန့်မြင်ချင်မိသေးသည်။

တစ်ကြိမ်တစ်ခါလောက်ဖြစ်ဖြစ် ရိပေါ်ဘက်က ဖြေရှင်းလာမယ့်စကားတွေကို ရှောင်းကျန့်ကြားချင်မိသေးသည်။

တကယ်လို့မြင်လိုက်ရတဲ့မြင်ကွင်းက ရှောင်းကျန့်အသည်းကို ဟက်တက်ကွဲစေမယ်ဆိုရင်တောင် ...

အဲဒါဟာ တစ်သက်စာ အမှတ်ရနေစေဖို့လုံလောက်တာပဲမဟုတ်လား။

ဟုတ်တယ် .. တစ်ကြိမ်လောက်တော့ ရိပေါ်ကို အခွင့်အရေးပေးမယ်။ ကိုယ့်ကိုကိုယ်အခွင့်အရေးပေးမယ်။

နောက်ဆုံးမျှော်လင့်ချက်ကြိုးတစ်ချောင်းပါ ရိပေါ်။

မင်းဘက်က ဆွဲမဖြတ်ပစ်ဖို့မျှော်လင့်ပြီး ကိုယ်ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပါရစေတော့။

အခန်းတံခါးခေါက်လိုက်ရမလား ကိုယ့်ဘာသာပဲ ဝင်သွားလိုက်ရမလား ရှောင်းကျန့် ဝေခွဲမရပဲ အခန်းရှေ့မှာ ရပ်နေမိတာ ၁၅ မိနစ်လောက်များကြာမလားမသိ။

အခန်းတွင်းမှ စကားသံသဲ့သဲ့ကြောင့် ရှောင်းကျန့် သက်ပြင်းအရှည်ကြီးကို ရှိုက်ကာ ကိုယ့်ဘာသာ တံခါးဖွင့်ဝင်ဖို့ဆုံးဖြတ်လိုက်သည်။

Sugar and Spices (Completed)Tempat cerita menjadi hidup. Temukan sekarang