S A S - Ep 19

14.6K 1.7K 217
                                    

Sugar and Spices Ep 19

ရိပေါ်ကောင်မလေးတွန်းလိုက်လို့ ဆိုင်ကယ်လ်ရှေ့လဲကျသွားခဲ့ပေမယ့် ဆိုင်ကယ်လ်အရှိန်သိပ်မပြင်းတာမို့ ရှောင်းကျန့် ကြီးကြီးမားမားတော့ ဒဏ်ရာမရလိုက်ပေ။

ခေါင်းနည်းနည်းထိသွားတာ ၃ ချက်ချုပ်ရတာနဲ့ လက်မောင်းအရိုးအက်ရုံလောက်သာဖြစ်သွားတာမို့ ဆေးရုံမှာ တစ်ညပဲအိပ်လိုက်ရသည်။

ကံဆိုးတာလား၊ ကံကောင်းတာလားမသိ၊ ဆိုင်ကယ်လ်သာအရှိန်ပိုပြင်းရင် အခုထက်ဒဏ်ရာပိုပြင်းနိုင်ချေရှိပေမယ့် အခုတော့ ပွန်းပဲ့ထိခိုက်ရုံလောက်သာဖြစ်သွားသည်။

တကယ်ဆို ရှောင်းကျန့်သေသွားလိုက်ချင်တာအမှန်ပါပဲ။

လူတွေအများကြီးရှေ့မှာ ကိုယ်တစ်သက်လုံးစောင့်ထိန်းလာတဲ့သိက္ခာတွေကို လက်တောက်လောက်သာရှိသေးသည့် ကိုယ့်ယောကျာ်းနဲ့ပက်သက်သည့်မိန်းမက စော်ကားတာကိုခံလိုက်ရတာ။

ကိုယ်လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ၊ ကိုယ်နဲ့မသိတဲ့သူစိမ်းတွေရှေ့မှာမို့ ရှောင်းကျန့် မျက်နှာမပြရဲအောင် ရှက်သွားခဲ့တာ။

ပြီးတော့ အဲဒီလိုအခြေအနေမှာ ကိုယ့်ရဲ့တရားဝင်ယောကျာ်းဟာ ကိုယ့်ဘက်မှာရှိမနေခဲ့ဘူးလေ။

အနည်းဆုံးတော့ … အနည်းဆုံးတော့ သူဆိုင်ကယ်လ်တိုက်ခံရတဲ့အချိန်မှာ ရိပေါ် သူ့ကိုဆေးရုံလိုက်ပို့ပေးမယ်လို့ပဲ သူထင်ခဲ့မိတာ။

နောက်ဆုံးအချိန်ထိ ရိပေါ် သူ့ကိုလျစ်လျူရှုနိုင်လိမ့်မယ်လို့ သူမထင်ထားခဲ့တာ။

အဲဒါဟာ သိပ်ကိုမှားသွားတယ်ဆိုတာ သူ့နောက်ကိုလိုက်မလာခဲ့တဲ့ရိပေါ်ရဲ့လုပ်ရပ်တွေက သက်သေထူပြသွားခဲ့တယ်။

ယောကျာ်းတစ်ယောက်လုံး သူ့ရှေ့မှာ accident ဖြစ်သွားတာတောင် သူ့ရဲ့ရွေးချယ်မှုဟာ တခြားတစ်ယောက်ဖြစ်နေတုန်းဆိုတဲ့ခံစားမှုဟာ ဆိုင်ကယ်လ်တိုက်ခံရတဲ့အချိန်မှာနာကျင်ရတာထက် ပိုဆိုးပါတယ် ရိပေါ်။

ဒါပေမယ့် မင်းကတော့ ဥပက္ခာပြုလို့ကောင်းနေတုန်းပဲလေ။

မင်းထင်ထားတာထက် မင်းကို ပိုချစ်ခဲ့တဲ့ကိုယ်ပါ။

Sugar and Spices (Completed)Hikayelerin yaşadığı yer. Şimdi keşfedin