S A S - Ep 27

14.7K 1.6K 137
                                    

Sugar and Spices Ep 27

Sean လေဆိပ်ဆင်းမယ့်မနက်ခပ်စောစောပဲ ရိပေါ် Sean အိမ်ရှိရာသို့အရောက်သွားလိုက်ပြီး အိမ်အောက်ရောက်မှပင် Sean ထံဖုန်းဆက်ရသည်။

နှစ်ပတ်တောင်ခွဲရမှာမို့ သူမသွားခင်လေး ရိပေါ် သူ့မျက်နှာကိုမြင်ချင်မိတာမို့ လေဆိပ်လိုက်ဖို့ခွင့်ရအောင် တောင်းဆိုမလို့ဖြစ်သည်။

သူကတော့ ငြင်းနေအုံးမှာ ရိပေါ်သိပြီးသားမို့ တစ်ခါတည်း အိမ်အောက်ရောက်နေပြီဆိုပြီး ချည်ပြီးတုတ်ပြီးသားကြံစည်ရတယ်။

ရိုးမလိုနဲ့ လည်သော ရှေ့နေကြီးကို အပိုင်ကိုင်တွယ်နိုင်ဖို့ဆိုရင် ဥာဏ်ကိုလဲလွှာသုံးရမယ်လေ။

တတီတီမြည်နေသော်လည်း ကိုင်မယ့်သူမရှိတဲ့ဖုန်းကြောင့် ရိပေါ်စိတ်ထင့်သွားမိတာ သူ ထွက်များသွားပြီလားလို့။

အချိန်အားဖြင့်တွက်မယ်ဆိုရင်တော့ အဲလောက်အစောကြီး လေယာဉ်ကွင်းဆင်းစရာမလိုပါဘူး။

ဒုတိယအကြိမ်ထပ်ခေါ်တော့မှ Sean ဘက်က ဖုန်းကိုင်လာသည်။

"ဟယ်လို"

"ခင်ဗျား လေယာဉ်ကွင်းသွားတော့မှာလား"

"အင်း ဟုတ်တယ် ရိပေါ် .. အခုပဲ ကားသမားကိုဖုန်းဆက်ခေါ်တော့မလို့ ဘာဖြစ်လို့လဲရိပေါ်"

"ကျွန်တော်လိုက်ပို့မလို့"

"မလိုပါဘူး ရိပေါ်ရဲ့ ရုံးက ငှားပေးထားတဲ့ကားကိုဖုန်းဆက်ခေါ်လိုက်ရုံပဲဟာကို ရိပေါ်အလုပ်ပိုပါတယ်"

"ကျွန်တော် ခင်ဗျားအိမ်အောက်ရောက်ပြီ . အခုလို အပိုစကားတွေပြောပြီးငြင်းမနေဘဲ အောက်ကိုဆင်းလာလိုက်ပါလား"

"ဘယ်လို အိမ်အောက်မှာ ဟုတ်လား"

"အင်း ဟုတ်တယ်"

"မင်းကိုတော့ တကယ်မနိုင်ဘူးပဲ အဲဒါဆိုလဲ ကိုယ်ဆင်းလာခဲ့မယ်"

တစ်ဖက်က ဖုန်းချသွားပေမယ့် ရိပေါ်ကတော့ ဖုန်းကို လက်ထဲမှာကိုင်ထားမိတုန်း။ phone screen ပေါ်က wallpaper လေးရဲ့ပိုင်ရှင်ကတော့ တစ်နေ့က ကားပေါ်မှာ ခိုးအိပ်နေတဲ့ရှေ့နေကြီးပေါ့။

Sugar and Spices (Completed)Where stories live. Discover now