Sugar and Spices Ep 16
အိပ်လိုက်ရင်သက်သာမှာပါလို့ ရှောင်းကျန့်တကယ်မသက်သာခဲ့ဘူး။
အဲဒီနေ့ညကဆေးသောက်ပြီးအိပ်လိုက်ပေမယ့် မနက်နိုးလာတော့ ရှောင်းကျန့်ကိုယ်တွေပူနေတုန်းပဲ။
အိပ်ရေးပျက်တာရော၊ လက်က ဒဏ်ရာကိုဆေးချက်ချင်းမထည့်မိတာကြောင့်ရော အဖျားရှိန်ပိုတက်သွားတယ်ထင်ပါရဲ့။
ကိုယ့်ဘာသာဆေးခန်းကို ကားမောင်းသွားဖို့ရာ ရှောင်းကျန့်မတတ်နိုင်တာမို့ family doctor ကိုသာ အိမ်လာကြည့်ပေးဖို့ ပင့်လိုက်ရတယ်။
ရိပေါ်ကတော့ ကျောင်းမသွားခင်တစ်ချက်မေးရှာတယ်။
ခင်ဗျားအလုပ်မသွားဘူးလားတဲ့။
နေမကောင်းသေးလို့ပါလို့ပြောတော့ တစ်ချက်တောင်လှည့်မကြည့်တော့ပဲ ထွက်သွားလေရဲ့။
သူ့ဆိုင်ကယ်လ်ပြင်ပြီးလားတောင်မမေးလိုက်ရဘူး။
မနက်စာထစားရင်နဲ့ကြည့်လိုက်တော့မှ ခြံထဲမှာ ဆိုင်ကယ်လ်မရှိတာမို့ ဆိုင်ကယ်လ်နဲ့သွားတာမှန်းသိလိုက်တယ်။
ဆရာဝန်လာကြည့်ပေးပြီး ဆေးထိုးပေးသွားပြီးနောက် ရှောင်းကျန့် ပြန်အိပ်နေလိုက်တယ်။
နေ့လည်စာတောင် ထမစားဖြစ်ဘူး။
ကိုယ့်ဘာသာလဲမလုပ်နိုင်ဘူး လူတစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုနာနေတာ။
အခုနေ အနားမှာ တစ်ယောက်ယောက်ရှိရင်ကောင်းမှာပဲလို့ တွေးမိတော့ ရိပေါ်ကိုပဲသတိရတယ်။
ရိပေါ်ကတော့ ကျောင်းမှာပဲလား ကောင်မလေးတစ်ယောက်ယောက်နဲ့ပဲ လျှောက်လည်နေမလားမသိပါဘူး။
တခြားအချိန်မှာ ဂရုမစိုက်ရင်တောင် ကိုယ်နေမကောင်းတဲ့
အချိန်လေးမှာ မင်းဆီက နည်းနည်းလေးဖြစ်ဖြစ်
ဂရုစိုက်မှုလေးကိုလိုချင်မိတာပါပဲ။မဖြစ်နိုင်မှန်းသိပေမယ့်လည်းလေ။ရိပေါ်နေမကောင်းတဲ့အချိန်မှာ ကိုယ်က အမေကြီးတစ်ယောက်လို လိုက်ဂရုစိုက်ပေးခဲ့ပေမယ့် ကိုယ်နေမကောင်းတော့လဲကိုယ့်ဘာသာ ဂရုစိုက်ရတာပါပဲ။
VOCÊ ESTÁ LENDO
Sugar and Spices (Completed)
FanficWhen Nerdy Xiaozhan makes the Playboy Yibo's life upside down ^~^ ❤️💚 Cover by @VitaDrawing Do not repost Ranked #1 Xiaozhan Ranked #1 Zhanyi