S A S - Ep 36

13.4K 1.4K 100
                                    

Sugar and Spices Ep 36

 “ကလေးလေးရေ မပြီးသေးဘူးလား ရေချိုးတာကြာနေပြီ”

“ပြီးပြီကိုကိုရေ”

ရိပေါ်ရေချိုးပြီးထွက်လာတော့ ကိုကိုက အကျီတောင်လဲပြိးနေပြီ။

ဒီနေ့ ကျိုးချန်ကောတို့နဲ့ ချိန်းထားတာမို့ နှစ်ယောက်သား အပြင်ထွက်ဖို့ပြင်ဆင်နေကြခြင်းပင်။

ကိုကိုကတော့ နှစ်တွေအကြာကြီးနေမှ သူ့သူငယ်ချင်းနဲ့ပြန်တွေ့ရမှာမို့ တော်တော်လေးပျော်နေလေရဲ့။

ကိုကိုပျော်ရင် ရိပေါ်လဲပျော်ပါတယ်လေ ကိုကို့အပြုံးတွေက ရိပေါ်ပျော်ရွှင်မှုတွေနဲ့ထပ်တူကျနေတာမျိုး။

ကိုကိုပျော်နေရင် ရိပေါ်စိတ်တွေက အလိုလိုလန်းဆန်းနေတာ .. အင်း ဒါတွေကိုကိုကတော့သိချင်မှသိမှာ။

ကိုကို့အကြိုက် ဟော့ပေါ့ဆိုင်မှာပဲ ကျိုးချန်ကောတို့အတွဲနဲ့ချိန်းထားတာ ရိပေါ်တို့ရောက်တော့ ကျိုးချန်ကောတို့ကတောင် ရောက်နှင့်နေပြီ။

“ရှောင်းကျန့် … ငါ့ကောင်ကြီး မတွေ့ရတာကြာလို့ ပိုချောလာတာလား .. ကြည့်ပါအုံး မျက်နှာကြီးကလဲ ပိုပြည့်လာသလိုပဲ … ရိပေါ်အချစ်တွေကြောင့်ထင်တယ်”

“ကောကလဲဗျာ”

အမှန်တွေပြောလိုက်တာမို့ ရိပေါ်က ရှက်သွားရကာ ဇက်ပိုးကိုလက်ဖြင့်သပ်ကာ အရှက်ပြေရယ်လိုက်သည်။

ကိုကိုကတော့ ရိပေါ်ပုခုံးကို ခပ်တင်းတင်းဖက်ကာ ကဲသည်းနေတော့တာ။

အလုပ်ထဲမှာ အရှက်သည်းတတ်တာ သူမဟုတ်တဲ့အတိုင်း။

အပြင်မှာဆိုရင် ကိုကိုက ဘယ်သွားသွားလက်ဖျားလေးကို ဆွဲထားတာတမျိုး၊ ပုခုံးကိုဖက်ထားတာမျိုးတွေလုပ်ပြီး သိပ်ပြိး ဂုဏ်ဆာတာ။

“ဒါပေါ့ ငါ့ကလေးလေးက ငါ့ကိုစိတ်ချမ်းသာအောင်ထားတယ်လေ”

“ကလေးလေးတဲ့လားရှောင်းကျန်ရား … အငယ်ကိုမုန့်ပေးကြိုက်ထားရတာ ပျော်နေတာလား”

“မင်းကျတော့ မင်းကောကောကို ကပ်ချွဲနေတာမဟုတ်ဖူးလား”

“ဟုတ်ပါတယ် ထားပါတော့ … လာထိုင် .. ငါဟင်းရည်အိုးကို မင်းအကြိုက်အစပ်ပဲမှာထားတယ် ရိပေါ်အတွက်ကအချို … ရိပေါ်က အစပ်သိပ်မစားနိုင်ဘူးမဟုတ်လား”

Sugar and Spices (Completed)Where stories live. Discover now