Sugar and Spices Ep 12
ရှောင်းကျန့်ထင်ထားသလိုပင် … အနာရှိန်ကြောင့်ရိပေါ်ဖျားနေလေပြီ။
ရန်ဖြစ်ပြီးပြန်လာတဲ့မနက်က ရှောင်းကျန့်က မျက်နှာကိုပဲ ကြည့်ပြီး ဒဏ်ရာတွေကိုဆေးထည့်ပေးခဲ့တာ။
တကယ်တမ်းက ရိပေါ်ဗိုက်မှာ ဓားနဲ့ရှပ်ထိထားတဲ့ဒဏ်ရာတစ်ခုရှိနေတာ ရှောင်းကျန့်မသိခဲ့ဘူး။
အကျီလှန်မကြည့်မိခဲ့တဲ့ ကိုယ့်ကိုကိုယ်ပဲ ရှောင်းကျန့်အပြစ်တင်ချင်မိတယ်။
တကယ်ဆို သူပိုသတိထားလိုက်ရမှာ။
သာမာန်ရန်ပွဲလောက်ပဲထင်ပြီး မျက်နှာပေါ်က ဒဏ်ရာတွေကိုပဲဂရုစိုက်မိသည်။
ပိုဆိုးတာက ပိုးသတ်ဆေးနဲ့အကိုက်အခဲပျောက်ဆေးကို တစ်ခါတည်းမတိုက်ဖြစ်လိုက်ပဲ ရိပေါ်ကို အလိုလိုက်ကာ အိပ်ရာနိုးရင်သောက်လိုက်လို့ပြောမိတာကိုပဲ။
ရိပေါ်က ရှောင်းကျန့်ကိုဆန္ဒပြတဲ့အနေနဲ့ ဆေးမသောက်ထားဘူးလေ။
ရှောင်းကျန့်အိမ်ပြန်ရောက်တဲ့အချိန် ရိပေါ်က တော်တော်အပူကြီးနေပြီ။
ဆေးရုံအတင်းသွားမယ်ပြောတော့လဲ ရိပေါ်က အပို့မခံတာမို့ ရိပေါ်အမေကို တိုးတိုးကျိတ်ကျိတ်ပြောပြီး family doctor ကို အိမ်ကိုလွှတ်ပေးဖို့ပြောရသည်။
ဗိုက်က ဓားဒဏ်ရာကိုတော့ စိတ်ပူနေမှာစိုးလို့ထည့်မပြောဖြစ်လိုက်။
ထို့နည်းတူပဲ ဆရာဝန်ကိုလဲ အဲဒီကိစ္စ ရိပေါ်အိမ်ကို ပြန်မပြောဖို့ တောင်းဆိုရသေးသည်။
သူတို့သားက သူတို့နဲ့နေတုန်းက သာမာန်ရန်ပွဲလောက်ပဲဖြစ်ကာ ကိုယ်နဲ့အတူတူနေတာမှ တစ်ညရှိသေး၊ ဓားထိုးမှုပါ ဖြစ်ခဲ့တယ်ဆိုရင် သူတို့သားကို ပြန်သိမ်းသွားမှဖြင့်။
ရိပေါ်နဲ့ဝေးရမှာတော့ ရှောင်းကျန့်တကယ်ကြောက်ပါသည်။
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ရိပေါ်ကိုအနားမှာရှိစေချင်သည်။
အဲဒါကြောင့်လဲ ရိပေါ်ကို ပိုင်ဆိုင်ရဖို့ရှောင်းကျန့် ကြိုးစားခဲ့မိတာ .. ရိပေါ်ပြောသလိုဆိုရင်တော့ ယုတ်မာခဲ့တယ်ပေါ့လေ။
![](https://img.wattpad.com/cover/222138471-288-k851205.jpg)
VOUS LISEZ
Sugar and Spices (Completed)
FanfictionWhen Nerdy Xiaozhan makes the Playboy Yibo's life upside down ^~^ ❤️💚 Cover by @VitaDrawing Do not repost Ranked #1 Xiaozhan Ranked #1 Zhanyi