S A S - Ep 17

13.7K 1.5K 125
                                    

Sugar and Spices Ep 17

“ရှေ့နေယွမ် Project X အတွက် Report ကို draft ပြင်ပြီး ကျွန်တော့်ကိုအီးမေးလ်ပို့ပေးလိုက်ပါ .. ကျွန်တော်ဒီနေ့လုပ်စရာတစ်ခုရှိလို့ စောပြန်မှာမို့”

“ဟုတ်ကဲ့ ရှေ့နေရှောင်း”

“ပြီးတော့ ရှေ့နေချန်က ကျွန်တော်ရှာခိုင်းထားတဲ့ မနှစ်က Project Globe ရဲ့ financial data report ကိုရှာပြီးရင်လဲ အီးမေးလ်ပဲပို့ပေးနော်”

“ဟုတ်”

အစည်းအဝေးခန်းမှာ တစ်ယောက်ပြီးတစ်ယောက်ကိုမှာကြားပြီးနောက် လက်မှာပတ်ထားတဲ့နာရီကိုကြည့်လိုက်တော့ နေ့လည် ၂ နာရီ။ ဒီနေ့ရိပေါ် စာမေးပွဲပြီးမယ့်နေ့ဖြစ်တာကြောင့် ညနေစာချက်ကျွေးချင်လို့ ရှောင်းကျန့်အိမ်ကိုစောစောပြန်ချင်နေတာပင်။

အလုပ်တွေပုံနေတာမို့ ရှောင်းကျန့်နေ့လည်စာတောင်မစားနိုင်။ အရေးကြီးတာတွေမှာဖို့ အရေးပေါ် team meeting လုပ်ပြီး လိုအပ်တာတွေမှာရသေးသည်။

အခုနေ အိမ်ပြန်မှ ချက်ပြုတ်ဖို့မှီမှာမို့ ရှောင်းကျန့် ခပ်လောလောနဲ့ပဲ အလုပ်တွေလက်စသတ်နေမိသည်။

“ရှေ့နေရှောင်း ညနေ ၄ နာရီမှာ Clover ကုမ္ပဏီနဲ့ client meeting တစ်ခုရှိတယ်နော်”

အတွင်းရေးမှူးလီပြောစကားကြောင်း ရှောင်းကျန့်စိတ်ညစ်သွားသော်လည်း ချက်ချင်းပဲအဆင်ပြေနိုင်မယ့် နည်းလမ်းကို စဉ်းစားရွေးချယ်ရပြန်သည်။

မပြန်လို့တော့မဖြစ်ဘူး။

ဒီနေ့က ရိပေါ်စာမေးပွဲပြီးမယ့်နေ့ဖြစ်သလို ကိုယ်တို့ အိမ်ထောင်သက်တမ်း ၆လပြည့်တဲ့နေ့မို့ ရှောင်းကျန့်လက်လွတ်မခံချင်ဘူး။

“ကိုယ် conference call နဲ့ပဲ join မှာမို့ conference meeting စီစဉ်ပြီး details တွေပို့ပေးလိုက်နော်”

“ဟုတ်ကဲ့ ရှေ့နေရှောင်း”

“ဟုတ်ကဲ့ ရှေ့နေရှောင်း”

Ups! Gambar ini tidak mengikuti Pedoman Konten kami. Untuk melanjutkan publikasi, hapuslah gambar ini atau unggah gambar lain.
Sugar and Spices (Completed)Tempat cerita menjadi hidup. Temukan sekarang