Sugar and Spices Ep 13
"ဒါကဘယ်ကိုလဲ ရိပေါ်"
ရှောင်းကျန့်အလုပ်သွားဖို့ အဝတ်အစားလဲနေတုန်း ရိပေါ်လဲ ရေချိုးပြီးထွက်လာတာမြင်တာမို့ ရှောင်းကျန့်မေးလိုက်တာဖြစ်သည်။
သူက ဘယ်လောက်ပဲအမုန်းစကားဆိုဆို ကိုယ်ကမမုန်းနိုင်တော့လဲ စကားလေိုက်ပြောရတာပါပဲ။
ရိပေါ်ကလဲ ရှောင်းကျန့် ကွာရှင်းပေးဖို့ လက်မခံနိုင်မှန်းသိတော့ အနုနည်းနဲ့ နှိပ်စက်ဖို့စဉ်းစားထားပုံရကာ ကွာပေးပါလို့တော့ထပ်မပြောတော့။
ဒါပေမယ့် နေ့တိုင်း အကြောင်းတစ်ခုမဟုတ်တစ်ခုပြကာ ပြဿနာရှာတတ်သည်။
ရှောင်းကျန့်လဲ တစ်ခါတစ်လေ ရန်စကားပြန်ပြောတာကလွဲရင်တော့ ရိပေါ်ကို အလျှော့ပေးခဲ့တာချည်း။
ကိုယ်လုပ်ခဲ့တဲ့အကြောင်းအရာတွေက ရိပေါ် ချက်ချင်းခွင့်လွှတ်နိုင်စရာကောင်းတဲ့ကိစ္စတွေမဟုတ်မှန်းသိတာကြောင့် ရိပေါ်ဆီက ခွင့်လွှတ်ခြင်းကို
ချက်ချင်းပြန်ရဖို့ မမျှော်လင့်ထားပါ။ရိပေါ် သူ့အနားကနေ အဝေးကိုထွက်မသွားတာပဲ ကျေးဇူးကြီးလှပြီမဟုတ်လား။
အတူတူရှိနေခွင့်ရမယ်ဆိုရင် ရှောင်းကျန့် ရင်တွေဘယ်လောက်ပဲနာကျင်နေရပါစေ အဆင်ပြေပါတယ်။
ရိပေါ်ဆီက ပြန်ဖြေလာမယ့်စကားကို မိနစ်ပိုင်းလောက်ထိစောင့်နေပေမယ့်
အဖြေမရသည်မို့ ထပ်မေးရပြန်သည်။"ရိပေါ် ဘယ်သွားမလို့လဲလို့"
"ဟ .. ကျောင်းသွားတက်ရမှာပေါ့ ကျောင်းအုပ်က ကျုပ်လင်မှမဟုတ်တာ"
ကျောင်းအကျီလဲနေရင်းနဲ့ အငေါ်တူးကာ ပြန်ဖြေတဲ့ရိပေါ်။ ကျောင်းအုပ်က သူ့လင်မဟုတ်မှန်းတော့သိသေးသားပဲ။ စိတ်ညစ်နေတဲ့ကြားက ကြံဖန်ပြုံးရပြန်ရော။
"ကိုယ်လိုက်ပို့ပေးမယ်"
"မလိုဘူး ကျုပ်မှာဆိုင်ကယ်လ်ရှိတယ်"
"ဗိုက်ကဒဏ်ရာကိုစိတ်ပူလို့ပါ ရိပေါ်ရာ"
"၂ချက်လောက်ချုပ်ရတဲ့ဒဏ်ရာလေးကို သေနိုင်တဲ့ရောဂါလိုစိတ်ပူပြမနေနဲ့ ရှောင်းကျန့်"
ESTÁS LEYENDO
Sugar and Spices (Completed)
FanficWhen Nerdy Xiaozhan makes the Playboy Yibo's life upside down ^~^ ❤️💚 Cover by @VitaDrawing Do not repost Ranked #1 Xiaozhan Ranked #1 Zhanyi