Sugar and Spices Ep 14
ရိပေါ်နဲ့ ရှောင်းကျန့်တို့ လက်ထပ်ထားတာ အခုဆို ၃ လကျော်လောက်ရှိပြီပေါ့။
အဆင်ပြေတဲ့ရက်ဆိုလို့ တစ်ရက်မှမရှိပေမယ့် အကြီးအကျယ်ရန်ဖြစ်ရတာမျိုးတော့ မရှိတောင် ရှောင်းကျန့်ရှောင်မိပါသည်။
ရိပေါ်ကို မိမိကြောင့်နဲ့ နည်းနည်းလေးမှ စိတ်မညစ်စေလို။
ဗိုက်က ဒဏ်ရာအရှင်းပျောက်သွားပြီးတဲ့နောက် ရိပေါ်က သူ့ဘာသာသူပဲကျောင်းသွားတာမို့ ရှောင်းကျန့်လိုက်ပို့ပေးလို့မရတော့ သူ့ကောင်မလေးတွေနဲ့ တွဲတာလဲမမြင်ရတော့ပေ။
ရိပေါ်နဲ့အတူတူရှိရတဲ့နေ့စွဲတိုင်းကို ရှောင်းကျန့်ကျေနပ်ခဲ့ပေမယ့် အရင်ထက် ၂ ဆပိုပင်ပန်းတာတော့ ငြင်းမရ။
မနက်ဆို အစောကြီးထပြီး ရိပေါ်အတွက် မနက်စာပြင်ပေးရသည်။
တစ်ခါတစ်လေတော့ ရိပေါ်ကမစားပေမယ့် တချို့ရက်တွေဆိုရင်တော့စားတာမို့ သူစားချင်တဲ့အချိန် အဆင်သင့်ရှိအောင် ရှောင်းကျန့် စိတ်လိုက်လက်ရပြင်ဆင်ပေးမိတာပဲ။
ကိုယ်ချက်ကျွေးတာကို ရိပေါ်စားတယ်ဆိုတဲ့အသိကိုက ဘယ်လောက်ပျော်စရာကောင်းသလဲလေ။
ကျောင်းသွားရတဲ့နေ့တွေဆိုရင်လဲ ရိပေါ်နိုးလာရင် မျက်နှာသစ်ဖို့နဲ့ ကျောင်းသွားဖို့ကစလို့ အကုန်စီစဉ်ပေးဖြစ်သည်။
ရိပေါ်အမေကတော့ သူ့အိမ်အကူကောင်မလေးတွေကိုလွှတ်ပေးမယ်ပြောပေမယ့် ရိပေါ်ကလက်မခံ။
ရှောင်းကျန့်ပင်ပန်းအောင် တမင်လုပ်စေချင်မှန်းရှောင်းကျန့်သိပေမယ့် ရှောင်းကျန့်ကလဲ ရိပေါ်ဆန္ဒအတိုင်း ကြည်ကြည်ဖြူဖြူလက်ခံလိုက်တာပါပဲ။
ရှောင်းကျန့်ကိုယ်တိုင်လဲ အိမ်မှာ ကိုယ်တို့၂ယောက်အပြင် အပြင်လူမရှိစေချင်ဘူးမဟုတ်လား။
ဘယ်တုန်းကမှ တပါးသူတစ်ယောက်ရဲ့ဝေယျဝစ္စတွေလုပ်ပေးရမယ်လို့ ရှောင်းကျန့်မတွေးခဲ့ဖူးပေမယ့် အခုတော့လဲ ရိပေါ်ဝေယျဝစ္စတွေကို ရှောင်းကျန့်လုပ်ပေးရတာ ပျော်မွေ့နေခဲ့ပြီ။
YOU ARE READING
Sugar and Spices (Completed)
FanfictionWhen Nerdy Xiaozhan makes the Playboy Yibo's life upside down ^~^ ❤️💚 Cover by @VitaDrawing Do not repost Ranked #1 Xiaozhan Ranked #1 Zhanyi