S A S - Ep 37

12.5K 1.3K 268
                                    

Sugar and Spices Ep 37

ထမြည်လာတဲ့ဖုန်းသံကြောင့် ရိပေါ်အလုပ်စားပွဲပေါ်မှာ ခေါင်းမှောက်ချရက်သား မှေးခနဲဖြစ်နေရာက လန့်နိုးသွားသည်။

ကိုကိုဖုန်းဆက်ပြီ။

အချိန်ကိုကြည့်တော့ မနက်တစ်နာရီ။

ကိုကိုရုံးကနေ ဟိုတယ်ပြန်ရောက်ပြီထင်တယ်။

“ကိုကို”

Phone screen ပေါ်မှမြင်နေရသော ကိုကို့မျက်နျာကိုကြည့်ကာ ရိပေါ် ပိုတိုးလို့လွမ်းရသည်။ အသားချင်းမထိနိုင်ပေမယ့် ဖုန်းလေးကိုသာ လက်မနဲ့ အသာထိတွေ့လို့ အလွမ်းထုထည်က ပိုမိုသိပ်သည်းစေမိပြန်သည်။

သိပ်လွမ်းရတာပဲ ကိုကိုရဲ့။

ဒီရက်ပိုင်းလောက်ကလေးကို သည်းမခံနိုင်အောင် ဖြစ်နေမိတာလဲ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်မိပါရဲ့။

အိမ်မှာတစ်ယောက်တည်းကျန်ခဲ့တယ်ဆိုတဲ့ အတွေးနဲ့ အားငယ်စိတ်တွေဖြစ်မိတာကိုလဲ ကိုယ့်ကိုကိုယ် ဒေါသတွေဖြစ်မိပါရဲ့။

“ကလေးလေး အိပ်နေပြီလား”

“မအိပ်သေးပါဘူးကိုကိုရဲ့ ကိုကိုပြန်ရောက်တဲ့အချိန်ကိုစောင့်နေတာ”

“အရမ်းနောက်ကျနေပြီကွာ .. ကိုကိုကတော့ ကလေးကိုအိပ်စေချင်တာပဲ .. အိပ်ရေးပျက်တာများရင် ကလေးနေမကောင်းဖြစ်လိမ့်မယ်”

“ဒါပေမယ့် ကိုကိုဟိုတယ်ပြန်မရောက်သေးဘူးဆိုရင် ကျွန်တော်စိတ်ပူနေတာနဲ့ အိပ်ရင်ရော အိပ်ပျော်မှာမှမဟုတ်တာ”

“ဒါတောင် အခုရက်ပိုင်းကသိပ်အလုပ်မများသေးလို့ ဒီအချိန်ပြန်ရောက်တာ .. အလုပ်များရင် ကလေးဆီမှာ မိုးလင်းသွားလိမ့်မယ်”

ကိုကိုပြောတာလဲမှားတော့မမှား။

အခုလို ဟောင်ကောင်မှာ မနက် ၁ နာရီဆိုရင် Amsterdam မှာက ည ၇ နာရီပဲရှိသေးတာ။

ကိုကိုရောက်နေတဲ့နိုင်ငံက ဟောင်ကောင်ထက် အချိန် ၆ နာရီတောင်ပိုနောက်ကျတာကိုး။

ရိပေါ်လဲ အိပ်ချင်တာပေါ့။

ဒါပေမယ့် ကိုယ့်စိတ်က သူအနားယူမယ့်နေရာကို ပြန်မရောက်သေးဘူးဆိုတာသိရင် ဘယ်လိုမှအိပ်ပျော်နိုင်မှာမဟုတ်တာ။

Sugar and Spices (Completed)Donde viven las historias. Descúbrelo ahora