S A S ep4

17.1K 1.7K 54
                                    

Sugar and Spices Ep 4

"ရှောင်းကျန့် … ခင်ဗျား ဒါဘာလုပ်တာလဲ"

မေးလဲမေး ထိုးလဲထိုးတဲ့ ဝမ်ရိပေါ်ပါပဲ။ ဒုတိယအကြိမ် ဝမ်ရိပေါ်ထိုးတာခံရခြင်း။

ဒါပေမယ့် ထူးဆန်းနေတာက သူစိတ်မဆိုးဘူး။ အခုမှမဟုတ်ဘူး။

ဒီချာတိတ်နဲ့စတွေ့ကတည်းက သူစိတ်ဆိုးစေမယ့် အပြုအမူတွေ ဒီချာတိတ်ကလုပ်ခဲ့ပေမယ့် စိတ်ဆိုးဖို့ထက် အသည်းယားပြီး ရယ်ချင်တဲ့စိတ်သာရှိခဲ့တာ ထူးဆန်းတဲ့ရေစက်တစ်မျိုးလို့ဆိုရမလားပဲ။

နှုတ်ခမ်းတောင့်ကစီးကျလာတဲ့ သွေးတွေကို မသုတ်ပဲ ထားလိုက်သည်။

အရင်တစ်ခါက သူ့အမေဆေးထည့်ပေးခဲ့ပေမယ့် ဒီတစ်ခါတော့ ဒီလိုထိုးလိုက်တဲ့အတွက် ဒီကောင်လေး တာဝန်ယူပေးမှ သူကျေနပ်နိုင်မည်။

ရိပေါ်ရဲ့ လက်နှစ်ဖက်ကို သူဖျတ်ခနဲချုပ်ပစ်လိုက်တော့ ကောင်လေးက မလှုပ်နိုင်။

ချာတိတ်က သူနဲ့ယှဉ်ရင် လူကောင်ပိုသေးတာ ပိုလဲပိန်တာကြောင့် သူ့လောက်အားမသန်တာ မနေ့ညကတည်းက သိထားပြီးသား။

ကုတင်ပေါ်မှာ လက်နှစ်ဖက်ချုပ်ထားခြင်ခံထားရတဲ့ ရိပေါ်ဟာ အင်အားချင်း မမျှတာမို့ ယက်ကန်ယက်ကန်လေးဖြစ်နေရုံမှာတတ်နိုင်သည်။

ဒီအကောင်ပေါက်လေးက တကယ်အသည်းယားစရာကောင်းတာပဲ။

"ခင်ဗျား လွန်လာပြီနော် အနားမကပ်နဲ့ ကျွန်တော်ထပ်တိုးမှာနော်"

"အနားမကပ်စေချင်တာလား အနားကပ်စေချင်လို့ မာယာသုံးနေတာလား ချာတိတ် ခုနကတော့ မင်းအိပ်မက်ထဲမှာ ကိုယ်နဲ့သာယာနေပုံပဲနော် ကိုယ့်နာမည်ကိုညည်းနေတာများ အပြင်ထိပါကြားရတယ်"

"shit ခင်ဗျားမဟုတ်တာမပြောနဲ့"

"ကိုယ်ကလူကြီးပါ မဟုတ်တာပြောပါ့မလား"

ကိုယ့်လက်က လွတ်မလားရယ်လို့ ရသလောက်ရုန်းကန်နေတဲ့ ချာတိတ်ရဲ့ မျက်နှာနားသို့ သူတိုးကပ်သွားလိုက်သွားတော့ မျက်လုံးကြီးပြူးလို့။

"အာ ခင်ဗျားစကားပြောရင် အဝေးကပြော အနားကပ်မလာနဲ့လေ"

"ကိုယ်ကစကားပြောမှာမှမဟုတ်တာ"

Sugar and Spices (Completed)Hikayelerin yaşadığı yer. Şimdi keşfedin