Sugar and Spices Ep 31
“ကိုကို”
“ဟင် ကလေးလေး ဘာဖြစ်လို့လဲ”
ရိပေါ်ဆေးမသောက်ခင်စားဖို့ ဖက်ထုပ်နဲ့မြူစွမ်ခေါက်ဆွဲလေးပြုတ်ပေးနေတုန်း အနောက်ကနေ ရိပေါ်က သိုင်းဖက်လာသည်မို့ လှည့်ကြည့်လို့လဲမရပဲ နှုတ်ကသာ ပြန်မေးရသည်။
“လွမ်းလို့”
အော်ဟော် .. ကလေးလေးက လာအီနေတာပဲ။ ချစ်ဖို့ကောင်းလိုက်တာ။
ဒီလိုနေ့တွေက တကယ်ရောက်လာသားပဲ။
ကိုယ့်အနားမှာ ရိပေါ်က ချစ်တဲ့အကြောင်းတွေပြောလို့ ကိုယ်ကသူစားဖို့ချက်ပြုတ်ပေးနေတဲ့ ပျော်စရာကောင်းတဲ့အချိန်လေးတွေ တကယ်ကိုရောက်လာခဲ့သားပဲ။
“ကလေးလေး .. ကိုကို့ကို ဆွဲစိတ်ပါလား”
“ဟင် ဘာလို့စိတ်ရမှာလဲ”
“ကိုကိုအိပ်မက်မက်နေတယ်လို့ပဲ ခံစားနေရတုန်းမို့”
“အဲဒါများ အိပ်မက်မဟုတ်ကြောင်း ကျွန်တော်သက်သေပြပေးမှာပေါ့”
ရှောင်းကျန့်ထက် အရပ် ၂ လက်မလောက်သာပိုနိမ့်တဲ့ ရိပေါ်က ခြေဖျားကိုထောက်လျက် မိမိလည်တိုင်ကိုဖက်တွယ်လျက် .. ရှောင်းကျန့်နှုတ်ခမ်းတွေကို ဖိကပ်နမ်းရှိုက်လာသည်။
အထိအတွေ့လေးက နူးညံ့လိုက်တာမှ … သူနမ်းလိုက်မှ ရှောင်းကျန့်မှာ တကယ်ပဲအိပ်မက်ထဲရောက်သွားသူလိုမျိုးပဲ။
ဒါဟာ ရုပ်ရှင်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ခဲ့ပါက ရှောင်းကျန့် အမြဲထာဝရ pause လုပ်ထားချင်တဲ့ အချိန်အခိုက်အတန့်တစ်ခုပါပဲ။
“ကလေးလေး .. ခေါက်ဆွဲတွေပြဲကုန်လိမ့်မယ် ငြိမ်ငြိမ်လေးထိုင်နေတော့ ပြီးတော့ မနက်စာစားရအောင်”
VOCÊ ESTÁ LENDO
Sugar and Spices (Completed)
FanficWhen Nerdy Xiaozhan makes the Playboy Yibo's life upside down ^~^ ❤️💚 Cover by @VitaDrawing Do not repost Ranked #1 Xiaozhan Ranked #1 Zhanyi