Sugar and Spices Ep 2
နံနက်ခင်းနေမင်းရဲ့အလင်းရောင်ကလဲ မျက်နှာပေါ် ဖြာကျနေသည်။
ထို့အတူ မိမိရဲ့လက်မောင်းတစ်ဖက်မှာ ကျင်ပြီးနာနေသည်။
ထို့ကြောင့် ရှောင်းကျန့်အိပ်နေရာမှ နိုးလာခဲ့သည်။ နာကျင်နေသော လက်တစ်ဖက်ဆီအကြည့်ရောက်မိတော့ ခေါင်းနပန်းကြီးသွားရသည်။ မိမိလက်မောင်းကို ခေါင်းအုံးသဖွယ် ဖိပြီး အိပ်နေသူမှာ တခြားသူမဟုတ် အဆိုးအပေ လူဆိုးလေး ဝမ်ရိပေါ်။
သူရောက်နေသည်မှာ ဝမ်ရိပေါ်ရဲ့အခန်း။ ခေါင်းထဲမှာ အစီအရီပေါ်လာတာက မနေ့ညက သူ ဝမ်ရိပေါ်ကို ဘယ်လိုသိမ်းပိုက်ခဲ့သလဲဆိုတာတွေ တစ်ခုချင်း။ ဝမ်ရိပေါ်ရဲ့ နှုတ်ခမ်းနွေးနွေးကို စားသုံးခဲ့တာတွေ၊ ဝမ်ရိပေါ်ရဲ့ ညည်းညူသံသဲ့သဲ့တွေ။
ရင်ခွင်ထဲက လူဆိုးပေါက်စလေးရဲ့မျက်နှာကိုတစ်ခါထပ်ကြည့်မိပြန်သည်။ အရမ်းလှတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေ၊ ချစ်စရာကောင်းအောင် လုံးနေတဲ့ နှာခေါင်းလုံးလုံးလေးက ဖြစ်ညှစ်ပစ်ချင်စရာ၊ မွှေးညှင်းလေးတွေတောင် မြင်နေရတဲ့ ပါးပြင်နုနုလေးတွေ၊ ပြီးတော့ သူထပ်ခါတစ်လဲလဲ ကျူးကျော်ခဲ့တဲ့ နှုတ်ခမ်းထူအိအိလေးတွေ၊ ကြည့်နေရင်းနဲ့ ရှောင်းကျန့် အာခေါင်တွေခြောက်လာသလိုပင်။
ဟား သူတကယ်ကို ဝမ်ရိပေါ်ဆိုတဲ့ ချာတိတ်ကိုသိမ်းပိုက်ခဲ့မိပြီ။။ ထိုကောင်လေးရဲ့ ပထမဆုံးဟုတ်မဟုတ် သူမသိသော်လည်း သူ့ဘဝရဲ့ ပထမဆုံးအကြိမ်။ အဲဒီပထမဆုံးအကြိမ်ရဲဆက်ဆံဖော်က ဝမ်ရိပေါ်တဲ့။ကိုယ့်လက်မောင်းပေါ်မှာသာ သူအိပ်မနေဘူးဆိုရင် မဖြစ်နိုင်ဘူးလို့ ကိုယ်အထပ်ထပ်ငြင်းနေမိမှာ။
ESTÁS LEYENDO
Sugar and Spices (Completed)
FanficWhen Nerdy Xiaozhan makes the Playboy Yibo's life upside down ^~^ ❤️💚 Cover by @VitaDrawing Do not repost Ranked #1 Xiaozhan Ranked #1 Zhanyi