Sugar and Spices Ep 26
“ကားကို ကျွန်တော်မောင်းမယ်”
“ကိုယ့်လက်တွေအကောင်းကြီးရှိသေးတယ်လေ”
“ကျွန်တော် မောင်းပေးချင်လို့ဗျာ .. နေလဲသိပ်ကောင်းသေးတာမဟုတ်ပဲနဲ့ ဘေးကနေ ငြိမ်ငြိမ်လေးထိုင်လိုက်ပါလား စိတ်ပါရင် အမှုတွဲဖိုင်ထိုင်ဖတ်နေ”
“ပြီးရော ပြီးရော”
သိပ်မငြင်းလိုက်ရပဲ Sean က လွယ်လွယ်ကူကူလက်ခံလိုက်လို့တော်ပါသေးရဲ့။
တစ်ခါလောက်ဖြစ်ဖြစ် ချစ်ရတဲ့သူကို
lover seat မှာထားပြီး ကိုယ်တိုင်ကားမောင်းပို့ပေးချင်တဲ့ဆန္ဒလေးပြည့်သွားတာမို့ ရိပေါ်ပျော်နေရသည်။တစ်ချိန်ချိန်ရောက်ရင်လဲ သူ့ကို ဆိုင်ကယ်လ်ပေါ်တင်ကာ မြို့တစ်ပတ်လောက်ပတ်မောင်းပြီး လေညှင်းခံထွက်ဖြစ်လိမ့်အုံးမည်။
စိတ်ကူးတွေနဲ့ ရိပေါ်တော့ရူးနေရတာပဲ။
“ခဏလေး .. ကျွန်တော်လုပ်ပေးချင်လို့”
Seat belt ဆီလက်လှမ်းနေတဲ့ Sean ရဲ့လက်တွေကိုလှမ်းတားကာ seat belt ကိုဆွဲယူကာ တပ်ပေးလိုက်တော့ Sean က ရိပေါ်အပြုအမူကို နားမလည်သလိုလေးကြည့်သည်။
“ကိုယ့်ဘာသာတပ်လဲရတာကို”
“တပ်ပေးချင်လို့လေဗျာ”
“ကိုယ်ကမိန်းကလေးမှမဟုတ်တာ”
“တစ်ယောက်ကတစ်ယောက်ကို ဂရုစိုက်တယ်ဆိုတာ မိန်းမဖြစ်နေလို့ ယောကျာ်းဖြစ်နေလို့မဟုတ်ဖူးလေဗျာ .. စိတ်ထဲက သူ့အတွက်ရည်ရွယ်ပြီး လုပ်ပေးချင်တဲ့ဆန္ဒသတ်သတ်ပဲ”
“မင်းက ရှေ့နေလို့မပြောရဘူး ကိုယ်ပြောချင်တာကို အကွက်ဝင်အောင် လှည့်ပတ်ပြောတဲ့နေရာမှာတော့ ဆရာကြီးပဲ အပြောကတော့ တကယ်ကောင်းတယ်”
“အကောင်းပြောတာပါ .. အခုမှပြောရတာ .. အရင်တုန်းက လူတစ်ယောက်ကို အကောင်းမပြောခဲ့လို့ သူကျွန်တော့်နားကထွက်သွားဖူးတယ်”
Sean မျက်ဝန်းတွေကို အသေအချာစိုက်ကြည့်ကာ ရိပေါ်ပြောတော့ Sean က မျက်လုံးချင်းဆုံနေရာမှ ခေါင်းကိုငုံ့ကာ ရှောင်လွှဲသွားသည်။
![](https://img.wattpad.com/cover/222138471-288-k851205.jpg)
ESTÁS LEYENDO
Sugar and Spices (Completed)
FanficWhen Nerdy Xiaozhan makes the Playboy Yibo's life upside down ^~^ ❤️💚 Cover by @VitaDrawing Do not repost Ranked #1 Xiaozhan Ranked #1 Zhanyi