S A S - Ep 34

14.5K 1.5K 172
                                    

Sugar and Spices Ep 34

“ရိပေါ်ရေ ဘယ်ရောက်နေတာလဲ”

မိမိအိမ်မှယူလာတဲ့အကျီတွေကို ဗီဒိုထဲမှာနေရာချနေတုန်း ကိုကို့ခေါ်သံကြောင့် အသံလှမ်းပေးရလိုက်သည်။

“အခန်းထဲမှာ ကိုကို အကျီတွေသိမ်းနေတာ”

ကိုကို့အခန်းကအရမ်းမကျယ်တာမို့ ရိပေါ်အိမ်မှာရှိတဲ့ ပစ္စည်းတွေအကုန် ဒီကိုရွှေ့လာလို့မရသေး။

ရိပေါ်အိမ်က အပိုင်ဝယ်ထားတာမို့ သိပ်တော့ပြဿနာမရှိ။

အမြဲတမ်းဝတ်တဲ့အဝတ်အစားလောက်ပဲ ဒီကိုသယ်လာပြီး ကျန်တာကို လိုမှပြန်ယူရုံပေါ့။

ဗီဒိုတစ်လုံးလောက်တော့ ထပ်ဝယ်ထည့်ထားရမလား ရိပေါ်စဉ်းစားနေမိတယ်။

ဒီအခန်းက တစ်ယောက်စာအတွက်ဆိုသလိုပဲ တကယ့်ကို ပရိဘောဂတွေက တစ်ယောက်စာအတွက်သာ လုံလုံလောက်လောက်ရှိတာမျိုး။

အဲဒီတော့ နှစ်ယောက်မျှသုံးရမယ်ဆို နည်းနည်းလေးတော့ မလောက်မငှဖြစ်နေတာအမှန်ပဲ။

“ရေချိုးပြီးပြီလား ကိုကိုက ရိပေါ်ရေချိုးပြီး အပြင်ထွက်လာမယ်ထင်နေတာ”

ကိုကိုက အနားကိုရောက်လာကာ ရိပေါ်ထိုင်နေတဲ့ ကြမ်းပြင်မှာ ထိုင်ချရင်းမေးလာသည်။

“ရေချိုးပြီးအကျီလဲပြီးတော့ အဝတ်အစားတွေ ဗီဒီုထဲထည့်နေတာ ကိုကိုရ .. မဟုတ်ရင် အကျီတစ်ခါလဲဖို့အရေးကို luggage ကြီးပြန်ပြန်ဖွင့်နေရလို့လေ”

“ဟုတ်တယ်နော် .. ကိုယ့်ဗီဒိုထဲက ဆန့်ပါ့မလား .. ဗီဒိုတစ်လုံးလောက်အသစ်ဝယ်ရင်ကောင်းမယ်ထင်တယ်နော်”

“ကျွန်တော်လဲ ခုနက အဲဒါစဉ်းစားနေတာ ..
ဒါနဲ့လေ … ကျွန်တော့်အိမ်မှာ ကျွန်တော်တို့ပြောင်းနေတာပိုမကောင်းဘူးလား အခန်းလဲပိုကျယ်တယ်လေ .. ဝရံတာလဲပိုကျယ်တယ် ကိုကိုက ပန်းပင်လေးတွေစိုက်ရတာဝါသနာပါတယ်မဟုတ်လား”

“မနေ့က ရိပေါ် ကိုယ့်ဆီရောက်လာကတည်းက ကိုယ်တွေးမိပါသေးတယ် ဒါပေမယ့် လောလောဆယ်က ဒီအခန်းက အလုပ်က စီစဉ်ပေးတာဆိုတော့ကွာ … မနေတော့ဘူးဆိုရင်တောင် တစ်လလောက်ကြိုပြောရမှာ .. သူတို့ ဒီအခန်းငှားထားတဲ့စာချုပ်ကလဲ ရှိနေသေးတယ်လေ .. အလဟဿကြီးဖြစ်နေမှာစိုးလို့”

Sugar and Spices (Completed)Where stories live. Discover now