S A S - Ep 24

14.4K 1.6K 131
                                    

Sugar and Spices Ep 24

~ခရမ်းပြာရောင် hyacinth ပန်းတွေရဲ့ရည်ညွှန်းရာက ခွင့်လွှတ်ပေးပါတဲ့။

ပထမဆုံးအကြိမ်အဖြစ် ခင်ဗျားဆီက ခွင့်လွှတ်ခြင်းကို အယူခံဝင်ခွင့်ပေးပါလား။

အမုန်းတွေအစား တစ်သက်လုံးအနားမှာ တဖွားမခွာ ခစားဖို့ ပြစ်ဒဏ်ချပေးဖို့လေ~~

ရှောင်းကျန့်ကို Sean ပဲဖြစ်ရမယ်လို့ရည်မှန်းလို့ ရိပေါ် hyacinth ပန်းတွေကို တကူးတက သွားရှာဝယ်လာခဲ့တယ်။

မနက်ခင်း Sean ရုံးရောက်လာတဲ့အချိန် ရိပေါ် အဲဒီပန်းတွေပေးတော့ Sean က ကြောင်ပြီးကြည့်နေလေရဲ့။

ယောကျာ်းလေးတစ်ယောက် ပန်းအပေးခံရတာ သူ့အတွက် ထူးဆန်းနေမယ်ထင်တယ်။

ပိုထူးဆန်းတာက သူနဲ့ ထူးခြားတဲ့ဆက်ဆံရေးမရှိတဲ့ကောင်လေးတစ်ယောက်ဆီက ပန်းစည်းလက်ခံရရှိတာမို့လဲဖြစ်နိုင်တယ်။

“ဘာအတွက်လဲ ရိပေါ်”

“မနက်က ရုံးလာတဲ့လမ်းမှာတွေ့တာနဲ့ ခင်ဗျားအခန်းမှာထိုးရအောင်ဝယ်လာခဲ့တာ .. ပန်းကလူ့စိတ်ပင်ပန်းတာပျောက်စေတယ်လေ .. ခင်ဗျားအခုတလော အလုပ်တွေပင်ပန်းလို့ စိတ်ဖိစီးမှုတွေများနေတယ်မဟုတ်လား”

“စိတ်ဖိစီးနေတာတော့အမှန်ပဲ … အခုလိုက်နေတဲ့အမှုရဲ့တစ်ယောက်တည်းသော သက်သေက ရှောင်ပြေးနေတယ် အဲဒါကြောင့် သူ့ကိုလိုက်ရှာဖို့အတွက် ကိုယ်ခေါင်းတောက်နေတယ်”

“ကျွန်တော်ကူညီပေးရမလား ကျွန်တော့်မှာ စုံထောက်အသိုင်းအဝိုင်းမှာ အသိအကျွမ်းတွေရှိတယ်”

ရိပေါ်စကားကြောင့် Sean က ရိပေါ်အသေအချာစူးစိုက်ပြီးကြည့်တယ်။

သူ့မျက်ဝန်းတွေထဲမှာမေးခွန်းတွေအပြည့်ပဲ။

တုန်လှုပ်ခြင်းတချို့ကိုလဲမြင်နေရသလိုလို။

ရိပေါ်မှာ စုံထောက်အသိရှိတာ အဲလောက်အံ့သြစရာကောင်းနေလို့လား။

သူဟာရှောင်းကျန့်ဖြစ်နေလို့ သူ့အကြောင်းတွေရီပေါ်သိသွားမှာစိုးနေတာလား။

“မင်း…မင်းမှာဘယ်လိုလုပ်စုံထောက်အသိတွေရှိနေရတာလဲ”

Sean တုန်လှုပ်သွားတာ အရမ်းသိသာတယ်။ ရိပေါ်ကို ဘယ်တုန်းကမှ မင်းလို့မသုံးနှုန်းဖူးပေမယ့် အခုတော့ မင်းလို့တောင်ခေါ်သွားတာကိုကြည့်ရရင် သူတစ်ခုခုဖြစ်နေတာအသေအချာပဲ။

Sugar and Spices (Completed)Dove le storie prendono vita. Scoprilo ora