S A S - Ep 25

14.4K 1.5K 163
                                    

Sugar and Spices Ep 25

Sean အတွက်မနက်စာစားပြီး ဆေးသောက်ရအောင် ဆန်ပြုတ်နဲ့ လိုလိုမယ်မယ် ဆေး ၅ မျိုးလောက်ဝယ်ကာ ရုံးကိုအစောကြီးရောက်နေတဲ့ ရိပေါ်တစ်ယောက်က ရုံးရောက်ကာမှပဲ Sean ရုံးရောက်တက်နိုင်ပါ့မလားလို့ တွေးပူမိတယ်။

အမှန် မနက်စောစောကတည်းက ဖုန်းလေးတစ်ချက်လောက်ဆက်ကြည့်ခဲ့သင့်တာ။

မနက်က သူ့အတွက် ဆန်ပြုတ်ပြုတ်နေရတာနဲ့ ဘာဆေးတိုက်ရမလဲလို့ ဆေးတွေစဉ်းစားနေတာနဲ့ကို သူနေကောင်းရဲ့လား ဖုန်းဆက်မေးဖို့ သတိမရလိုက်။

လာနေကြအချိန်မှ မလာရင်တော့ ဖုန်းဆက်လိုက်မည်ဟု ရိပေါ်တွေးလိုက်သည်။

ဒါပေမယ့် ရိပေါ်ထင်ထားတာထက် ပိုပြီးသန်မာတဲ့ ယုန်ဆိုးလေးက ရုံးကိုအချိန်မှန်ပဲရောက်လို့လာတယ်။

Mask လေးတောင်တပ်လို့ ..

“မောနင်း ရိပေါ်”

Oops! Ang larawang ito ay hindi sumusunod sa aming mga alituntunin sa nilalaman. Upang magpatuloy sa pag-publish, subukan itong alisin o mag-upload ng bago.

“မောနင်း ရိပေါ်”

နေမကောင်းသေးတာ သေချာပါတယ်။

ခါတိုင်း shirt တွေပဲအဝတ်များတဲ့ Sean က အခုတော့ coat အကျီအောက်မှာ sweater ထူထူလေးဝတ်လို့လာသည်။

မျက်နှာလေးကလဲ နည်းနည်းနွမ်းနေသလို။

“နေမကောင်းဘူးမဟုတ်လား ဘာလို့ရုံးလာတာလဲ”

“ဒီနေ့ တရားခွင်သွားရမှာ မလာလို့မရဘူး ပြီးတော့ ကိုယ်ကနည်းနည်းပဲပူတော့တာ”

ရိပေါ်အမေးကိုပြန်ဖြေပြီး သူက သူ့ရုံးခန်းထဲဆက်ဝင်သွားတော့ ရိပေါ်အနောက်ကလိုက်ရပြန်တယ်။

စစချင်းလောက် Sean ကို ရှိန်နေတာမျိုး ရိပေါ်မခံစားရတော့။ Sean ကို ရှောင်းကျန့်လို့ ရိပေါ်စိတ်က သတ်မှတ်လိုက်လို့လားမသိ။

Sugar and Spices (Completed)Tahanan ng mga kuwento. Tumuklas ngayon