S A S - Ep 23

14.1K 1.6K 127
                                    

Sugar and Spices Ep 23

"ရိပေါ် မနေ့က မင်းကို ထမင်းစားချိန်လဲမတွေ့ဘူး ရုံးဆင်းတော့လဲမတွေ့ဘူး ဘယ်ချိန်မှပြန်တာလဲ"

Kitchen မှာ ကိုယ့်အတွက်ကိုယ်ရော၊ Sean အတွက်ရော ကော်ဖီသွားဖျော်နေတုန်း Chris ကအနားရောက်လာကာ မေးလေသည်။

Chris အနောက်မှာ trainee ကောင်လေး နှစ်ယောက်လဲပါလာသည်။

trainee ကောင်လေးဆိုမှ ဟိုတစ်နေ့က Chris ပြောထားတာသတိရသွားမိတော့တယ်။

တစ်ယောက်က Sean နဲ့ရင်းနှီးတယ်ဆိုတာ။

"မနေ့က Sean နဲ့အစည်းအဝေးတစ်ခုလိုက်သွားရလို့ နေ့လည်ဘက်မရှိတာ ... ညကလဲ အဲဒီ project အတွက် အလုပ်ရှုပ်နေလို့ ပြန်တာနောက်ကျသွားတယ်"

"ရိပေါ်တစ်ယောက်တော့ ပထမအပတ်မှာတင် ကောင်းကောင်းအမောင်းခံနေရပြီထင်တယ် .. အာ မင်းနဲ့ မိတ်ဆက်ပေးမယ်ဆိုတာလေ .. သူတို့နှစ်ယောက်လဲ trainee အသစ်တွေပဲ တစ်ယောက်က ဟောက်ရွှမ်း တစ်ယောက်က ကျိရန်တဲ့။ ဟောက်ရွှမ်းနဲ့ ကျိရန်လဲမှတ်ထား သူက ရိပေါ်တဲ့"

"တွေ့ရတာ ဝမ်းသာပါတယ် ငါတို့တွေက အခုမှကျောင်းပြီးတာဆိုတော့ ရွယ်တူတွေပဲထင်တယ် သူငယ်ချင်းလိုပဲ ခင်ကြတာပေါ့"

"အင်း ငါကအခုမှကျောင်းပြီးပေမယ့် မင်းတို့ထက်ကြီးမယ်ထင်တယ် ငါကစာကြေအောင် အထက်တန်းမှာ ၃ နှစ်နေခဲ့တာ ဟားဟား"

"oh really? ရိပေါ်က ဘွဲရတော့ ကျောင်းရဲ့ top 10 ထဲမှာဝင်တာလေ ငယ်ငယ်တုန်းက စားမေပွဲကျဖူးတယ်ဆိုတာ ဟုတ်ရဲ့လားကွာ"

"ကျွန်တော်က ငယ်ငယ်တုန်းကတော်တော်ဆိုးတာဗျ တစ်စုံတစ်ယောက်က ကျွန်တော့်ကိုလိမ္မာသွားအောင် ပြုပြင်ပေးလိုက်လို့သား"

"ဘဝအတွက် တော်တော်အရေးပါတဲ့သူထင်တယ်...ချစ်သူလား"

"အင်း ဆိုပါတော့"

ရိပေါ်ဘက်က သိပ်ပြောချင်တဲ့ပုံမရှိတာကြောင့် သူတို့ကလဲ ဆက်မပြောကြတော့။

လူတွေကခင်ဗျားအကြောင်းမေးကြတဲ့အခါ ကျွန်တော် ဘေးထွက်ထိုင်ချင်နေခဲ့တယ်။

ခင်ဗျားအကြောင်းမပြောချင်ဘူးဆိုတာထက် ခင်ဗျားက ကျွန်တော့်အတွက် ဘယ်လောက်အရေးကြီးတဲ့သူလဲဆိုတာ ကျွန်တော်ထုတ်မပြောတာမို့ နှုတ်ဆိတ်နေချင်ခဲ့မိတာပါ။

Sugar and Spices (Completed)Where stories live. Discover now