Sugar and Spices Ep29
Spoiler ကြိုပေးထားခဲ့သလိုပဲ ဒီတစ်ပိုင်းကတော့ မီးနီပါရှင့်
အသက် ၁၈ နှစ်မပြည့်သေးရင် လူ ၁၈ ယောက်စုပြီးဖတ်ကြပါ
အခုကစပြီး Sean ဟာ ရှောင်းကျန့်ဖြစ်တာသေချာသွားတဲ့အတွက် Sean အစား ရှောင်းကျန့်လို့ပဲ ပြန်သုံးတော့မှာပါနော်။
Xxxxxxxx
ရိပေါ် ဘောင်းဘီကိုချွတ်ဖို့ကြိုးစားနေတဲ့ ထိုလူသားရဲ့ နှုတ်ခမ်းအောက်ကမှဲ့လေးကို ရိပေါ် ဆုပ်ယူနမ်းရှိုက်လိုက်တယ်။
ပြီးတော့ သူရဲ့နှုတ်ခမ်းပါးလေးကိုရော။
ရုတ်တရက်ကြီး သူ့ကိုထပြီးနမ်းတဲ့ ရိပေါ်ကို Sean ခေါ် ရှောင်းကျန့်က အံ့သြနေပုံပါပဲ။
တစ်ခုခုမေးချင်တဲ့ပုံစံဖြစ်နေပေမယ့် ရိပေါ်အနမ်းတွေကြောင့် သူ့မှာ စကားပြောခွင့်မရနိုင်သေး။
ရိပေါ် စိတ်တိုင်းကျနမ်းလို့အပြီးမှာ သူ့လည်ပင်းထက်ကိုမျက်နှာအပ်ကာ ပြောမိတဲ့စကားကတစ်ခွန်းပဲ။
တစ်သက်လုံးအတွက် ဘယ်တော့မှနောင်တမရမယ့်စကားတစ်ခွန်းဆိုလဲမမှားဘူး။
“ကျွန်တော့်ကို သိမ်းပိုက်ပါ ကိုကို” တဲ့
ရိပေါ်စကားကြောင့် ရှောင်းကျန့်လက်ကလှုပ်ရှားမှုတွေရပ်သွားသလို ရိပေါ်ကို အံ့သြသလိုကြည့်လာတယ်။
ရိပေါ်ကတော့ နည်းနည်းလေးမှ အချိန်မဆွဲစေလိုတော့။
ရိပေါ်ကို ဒီလူသားပိုင်တယ်။ အရင်တုန်းကပိုင်သလို အခုလဲ ပိုင်တယ်။ နောက်လဲ သူပဲပိုင်အုံးမှာ။
အခုထက် ရှေ့ဆက်တိုးဖို့ ရိပေါ် ဘာမှတွေဝေတွန့်ဆုတ်နေစရာမလိုဘူးမဟုတ်လား။
ရိပေါ်လက်တွေက အရှေ့မှ ရှောင်းကျန့်ရဲ့ ရင်ဘတ်တစ်လွှား ခပ်သွက်သွက်လေး ပြေးလွှားလိုက်သည်။
သူ့ရဲ့ အထိမခံနိုင်တဲ့နေရာကို ခပ်ဖွဖွထိတွေ့မိတော့
သူက တုန်သွားလေရဲ့။အင်း ဒီလူသားဟာ ရိပေါ်ပေးတဲ့အကြင်နာကို ဘယ်တုန်းကမှ ကောင်းကောင်းမခံစားခဲ့ဖူးဘူးမဟုတ်လား။
VOCÊ ESTÁ LENDO
Sugar and Spices (Completed)
FanficWhen Nerdy Xiaozhan makes the Playboy Yibo's life upside down ^~^ ❤️💚 Cover by @VitaDrawing Do not repost Ranked #1 Xiaozhan Ranked #1 Zhanyi